2: မျဉ်းတစ်ကြောင်း

45 7 1
                                    

"ခေါင်းဆောင် ဒီနေ့အစည်းအဝေးက ခေါင်းဆောင်တက်ဖို့လိုအပ်ပါတယ်
ကျောင်းကတော့ အနားယူတာ အဆင်ပြေမယ်လို့ထင်"

"ခနဘဲ ခနဘဲ တစ်ချိန်ဘဲ တက်ပြီး ပြန်ပြေးလာမယ် ဟုတ်ပြီလား"
"ခေါင်းဆောင်!"

အား ရူးချင်တော့တာဘဲ
မယုံနိုင်အောင်ပင် လှစ်ခနဲ မိုတို၏ ကားပေါ်ပြေးတက်သွားလေသည်။
သူ့ထက်စာလျှင် ပိုအလိုလိုက်သည့် မိုတိုက သေချာပေါက်ပင်
ကျောင်းအထိ အရောက်ပို့ပေလိမ့်မည်။

မတက်နိုင် အစည်းအဝေးအမှီပြန်လာနိုင်ရန်သာ ကြိုးစားဖို့ရှိတော့သည်။
---
ကားရပ်လိုက်သည်နှင့် ပြေးဆင်းသွားသော ခေါင်းဆောင်အား
မိုတို ခေါင်းသာခါမိတော့သည်။

"ဟယ်လို ခဲဂျိ
အေး ငါသိပါတယ်
ရအောင် ပြန်ကြိုလာပေးမယ်"

ဟူး ခဲဂျိ၏ ပူညံပူညံ အသံကို ၃မိနစ်ခန့် နားထောင်ရသည်မှာ
နားထဲက အငွေ့ထွက်လာသလိုပင်။

နေ့တိုင်းနီးပါး နားထောင်နေရသော ခေါင်းဆောင်တစ်ယောက်
လစ်တာနဲ့ ပြေးသည်မှာ မလွန်ဟု မိုတို တွေးမိသည်။

"ဦး က မစတို ကို ကာကွယ်ပေးမှာလား"
ကီမိုနို ပိစိလေးနှင့် ပါးဖောင်းဖောင်း ကလေးငယ်လေးကို ပြန်လည်မြင်ယောင်လာလေသည်။

သူ အထက်တန်း ဒုတိယနှစ်
အဖေဆုံးပြီး အသုဘမှာတင်
အမေ့ဘေးနားရှိနေသည့် လူကြောင့်
မိုတို က သူ့အတွက် အဖေရော အမေရော ခေါ်စရာမရှိတော့ဟု သတ်မှတ်ခဲ့တာဖြစ်သည်။
လူငယ် လူရမ်းကားတွေ ပေါ တဲ့ခေတ်ဖြစ်သည့်အားလျော်စွာ
လမ်းပေါ်က သူ့နေ့ရက်တွေက ခက်ခဲခဲ့လေသည်။
မျက်နှာပေါ် ဒဏ်ရာမပြတ်ခဲ့သလို
လူတစ်ယောက်အား မရိုက်မိသည့် နေ့လဲ မရှိခဲ့။

တစ်ဖက်အဖွဲ့က ဓား ဆိုသည့်အရာကို
ကိုင်ဆောင်လာသည့်နေ့က
လေးယောက်သာ ရှိသော မိုတို တို့ကျောင်းမပျော်သည့် အဖွဲ့လေးက
အလဲလဲအကွဲကွဲ ပင်
လွတ်ရာပြေးရင်း ဗိုက်က ဓားဒဏ်ရာရဲ့ ကိုက်ခဲမှုက
မိုတို ရဲ့ အသိစိတ်တွေကို မလွတ်သွားစေခင် အချိန်မှာဘဲ

နက်ပြောင်နေသည့် ဖိနပ်တစ်ရံ
ထို့နောက် အဖြူရောင် အားကစားဖိနပ်တစ်ရံ က မျက်စိရှေ့ရောက်လာခဲ့လေသည်။

TitlelessWhere stories live. Discover now