Chapter - 7

280 13 0
                                    

"အို့! ဆူပူကြိမ်းမောင်းခံရတာက အရမ်းကို စိတ်ပျက်စရာပဲ"

ထို့နောက် တုံ့ဆိုင်းမနေတော့ဘဲ ဇာပဝါလွှမ်းခြုံထားတာကို ချွတ်ပစ်ကာ အိပ်ရာပေါ်မှာ သူမ ပစ်လှဲခဲ့လိုက်သည်။အံ့အားသင့်စွာဖြင့် အဲဗ်လီ မျက်လုံးတွေ
ဝိုင်းစက်လာခဲ့၏။သတို့သမီးလောင်းသည် စကားပြောဆိုခြင်း၊ သူမကိုယ်တိုင် ဇာပဝါလွှမ်းခြုံထားတာကို ချွတ်ပစ်ခြင်းမှ တရားဝင် တားမြစ်ထားပြီး မင်းသမီးလေးကတော့ နှစ်ခုစလုံးကိုတစ်ပြိုင်တည်းနဲ့ ချိုးဖောက်ပစ်လိုက်တော့သည်။

မှုန်ဝါးဝါး ဇာပဝါဖြင့် လွှမ်းခြုံထားသည့် မင်းသမီးလေး၏ မျက်နှာလေးသည် ယခု ရှင်းရှင်းလင်းလင်း ထင်ရှားလာခဲ့၏။သူမရှေ့က ဖြစ်ပျက်နေတဲ့ မြင်ကွင်းကို ကြည့်နေသည့် အဲဗ်လီဟာ ခြောက်သွေ့နေသော လည်ချောင်းကို ညစ်လိုက်ပြီး တံတွေးများမျိုချလိုက်၏။မင်းသမီးလေးရဲ့ဆံနွယ်များသည် နေ‌ကဲ့သို့ နီနီရဲရဲတောက်တောက်တွေပင်။

"တော်ဝင်မျိုးနွယ်တွေက နေမင်းကြီးဖြစ်ပြီး၊ ငါတို့လို နိမ့်ကျသည့်သူတွေက မှောင်မိုက်တဲ့ညကောင်းကင်ယံပြင်ကြီးပေါ်မှာ ပြန့်ကျဲနေသော လက်တစ်ဆုပ်စာ ကြယ်လေးတွေလိုပဲ"

ထိုအခိုက်အတန့်မှာ သေဆုံးသွားသော မိခင်ဖြစ်သူရဲ့စကားများကို အဲဗ်လီ အမှတ်ရမိသွား၏။သူမရဲ့ဆံနွယ်တွေက မီးကဲ့သို့ နီနီရဲရဲတောက်တောက်တွေ။
သူမ၏ဦးဆောက်ပန်းကို ချွတ်ပစ်လိုက်သောအခါ ရှုပ်ယှက်ခတ်နေသော ဆံနွယ်များသည် ပွင့်နေသောပြတင်းပေါက်အဟကြားကနေ တိုက်ခိုက်နေတဲ့လေပြင်းပြင်းနဲ့အတူ ညင်သာစွာ လွင့်မျောလို့နေလျက်။

[ T/N tiara - ဦးဆောက်ပန်း တော်ဝင်အမျိုးသမီးတွေ ဦးခေါင်းထက်မှာ ဆင်းမြန်းတဲ့အဆင်တန်ဆာပါနော် သရဖူတို့ ဘာတို့ညာတို့ပေါ့ ]

ပြတင်းပေါက်ဘောင်အနီးနားမှာ တည်ရှိနေသည့် မိုးမခပင်ကြီးသည် သိပ်ကိုလှပ၏။အဲဗ်လီရဲ့ ကိုယ်ခန္ဓာသေးသေးလေးနှင့် လျှော်ဖန်များ၍
အရောင်ကျွတ်ကာ ‌မွဲခြောက်ခြောက်ဖြစ်နေသည့် မထင်မရှားအနီရောင်ဆံနွယ်များနှင့်ယှဥ်လျှင် မင်းသမီးလေး၏ ခန္ဓာကိုယ်၊ ဆံနွယ်များက မတူညီတဲ့အဆင့်မှာရှိလျက်။ဖွဲ့ဆိုပြောရမယ်ဆိုရင် မင်းသမီးလေးရဲ့ဆံနွယ်တွေဟာ အသက်အပြည့်ရှိပြီးတော့ လိုချင်စရာပင်။

အဲဗ်လီ၏မကုန်ဆုံးနိုင်သောညများ [ ဘာသာပြန် ]Where stories live. Discover now