( 9 ) U / Z

15.4K 796 211
                                    

U~

" 'ခမ်း' ငါ Toilet ဝင်ချင်တယ် "

'မြူငယ်' ပြောလိုက်တော့ 'ခမ်း' ကအနားရောက်လာကာ ပွေ့ချီပစ်လိုက်သည်။ ခြေထောက်နာနေလို့ ထိန်းလျှောက်ပေးသည့်ထဲတွင် 'ခမ်း' မပါ၊ တစ်ခုခုဆို ပွေ့ပွေ့ချီပစ်တာပင်၊

" ပြီးရင်ခေါ်လိုက် "

" အင်း "

'ခမ်း' ကတံခါးကိုအနဲငယ်ဟ‌‌ထားပေးကာ ပြန်ထွက်သွားသည်။

" 'လွမ်း' မင်းမှောက်လိုက် "

'မြူငယ်' အထဲတွင်ထိုင်နေရင်း 'ခမ်း' ပြောတာကိုကြားနေရသဖြင့် စိတ်ဝင်စားကာ နားစွင့်နေလိုက်သည်။

" 'လွမ်း' မထင်ရဘူးနော် မင်းတင်သားတွေက
ကိတ်လိုက်တာ "

" လုပ်စရာရှိတာလုပ် "

" အင်း နာရင်ပြော "

" ကျစ်! ဘေးကနေလုပ်လေ "

" ဟင့်အင်း အပေါ်ကပဲလုပ်မှာ မင်းတင်သား
တွေက အိအိလေးတွေမလို့ "

" နှာဘူးကောင် ဖယ်စမ်း အာ့! "

" ငြိမ်ငြိမ်နေလေကွာ အခုတော့နာပြီမလား "

" မင်းက ဇွတ်လုပ်နေတာလေ "

" ငြိမ်ငြိမ်နေ ငြင်သာပေးမယ် "

'မြူငယ်' ကြားနေရသည်များကြောင့် မျက်လုံးလေးတွေပြူးကျယ်ကုန်ကာ ပါးစပ်အဟောင်းသားဖြစ်နေရသည်။ 'ခမ်း' ကိုလှမ်းမခေါ်ဘဲ တံတွေးလေးမသိမသာ မြိုချကာ ထော့နဲ့နဲ့ဖြင့် တံခါးနားကို မသိမသာကပ်သွားကာ ချောင်းကြည့်လိုက်သည်။

' လွမ်း' ကအိပ်ယာပေါ်တွင်အပေါ်ဗလာနှင့် မှောက်အိပ်နေကာ 'ခမ်း' က 'လွမ်း' ၏တင်ပါးပေါ်မှာခွထိုင်နေကာ နောက်ကျောကိုဆေးလိမ်းပေးနေခြင်းဖြစ်သည်။ 'မြူငယ်' သက်ပြင်းလေးမသိမသာချကာ မှောင်လွန်းနေသည့် အတွေးတွေကြောင့် ရယ်ချင်သွားသည်။
ငါလည်း တွေးတက်ပါ့ 'လွမ်း' နဲ့ 'ခမ်း' ကိုများ
ထင်မိရတယ်လို့...

တံခါးကိုဆွဲဖွင့်လိုက်တော့ 'ခမ်း' ကဆေးလိမ်းခြင်းကို အဆုံးသတ်ကာ 'မြူငယ်' ကိုလာပွေ့ချီသည်။

" မင်းတို့နှစ်ယောက်လုံး ဒီဘက်မှာခဏနေ
ငါကုတင်ဆက်မလို့ "

You're My Beloved ( COMPLETE )Where stories live. Discover now