Part.16 (Zawgyi)

170 14 0
                                    

တင့်ထင်စက်ဘီးနောက်ကလိုက်ရင်းတစ်လမ်းလုံးစကား​ကို သူပြောငါပြောနဲ့ပြောလာခဲ့ကြသည်၊
ဆန်စက်ရုံအနောက်ပေါက်နားရောက်တော့ တင့်ထင်ကစက်ဘီး ကိုရပ်ပစ်လိုက်သည်၊
ခင် စက်ဘီးပေါ်က ဆင်းလိုက်ပြီး

'သွားတော့မယ်....'

'အင်း..'

တင့်ထင်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ ခင် စက်ရုံအရှေ့အဝင်ပေါက်ထဲဝင်သွားတော့သည်၊ တင့်ထင်ကလည်း ခင် စက်ရုံထဲဝင်သွားတာသေချာမှ သူကလည်း အနောက်ဘက်ကနေဝင်ခဲ့လိုက်တော့သည်၊ မသိရင် သမီးရည်းစားတွေကျနေတာပဲ ဆိုတဲ့အတွေးနဲ့ တင့်ထင် နှုတ်ခမ်းတွေဘေးကိုကော့တက်သွားရတေးသည်၊

'ဟောခင်...အမလေး မယ်မင်းကြီးမ..'

'ဘာလို့တုန်းဒေါ်လေး...'

ဒေါ်လေးက ခင့်ကိုတွေ့သည့်နှင့် ထိုင်ရာကထ ကာ ခင့်လက်မောင်းကိုလာရိုက်သည်၊

'ခင့် အမေဖုန်းဆက်လာတယ်...ခင် က မနက်အစောကြီးထွက်သွားလို့တဲ့ စက်ရုံရောက်လားလှမ်းမေးနေတာ ...'

ခင် မျက်ခုံးမျက်လုံးတွေပင့်ကာဒေါ်လေးကို မေးလိုက်သည်၊အမှန်တိုင်းပြောလိုက်လို့မေမေသိသွားရင်လဲ အိမ်ပြန်ရောက်မှ ဆူခံယုံပေါ့လို့စိတ်ထဲကတော့တွေးလိုက်သည်၊

'ဒေါ်လေးက ဘာပြန်ပြောလိုက်လဲ..'

'ကျုပ်ကဘာပြောရမှာတုန်း ...ညာလိုက်ရတာပေါ့...အဲ့တာညည်းကြောင့်...'

'အဲ့တာကြောင့်..ချစ်နေတာ...'

ခင် ပြုံးကာဒေါ်လေးကို ပွေ့ဖက်လိုက်သည်၊

'အမလေး...ပလီပလာတွေတော်.....သွားရအောင်အထဲကို..'

ခင် ဒေါ်လေးလက်ကို ချိတ်ကိုင်ကာ စက်ရုံအထဲကို ဝင်လာခဲ့လိုက်သည်၊ ဒေါ်လေးဘေးက ခုံတွင်ဝင်ထိုင်လိုက်တော့သည်၊

'ဆိုစမ်းပါအုန်း..ခင်လေး မနက်အစောကြီးဘယ်သွားနေတာတုန်း..'
(AN/ ကိုကိုက ဆြွေပမျိုးပြလိုက်ပို့နေတာ.😁)

'ခင် လက်ဖက်ရည်ဆိုင်ထိုင်နေတာ...'

'အေးဟယ် ..ကျုပ်ကတော့ ညည်းကိုစိတ်ပူနေရတာအေ...မနက်စာတောင်မစားနိုင် တမျှော်မျှော်နဲ့...'

မျက်သွယ် (Completed)Where stories live. Discover now