19

202 32 2
                                    

19

အေးချမ်းလွန်းတဲ့ ဆောင်းဟာ မော့ပိုမှာ ပိုလို့အချမ်းပိုတယ်။ ညနေစောင်းလာတာနဲ့ ကဲလာတဲ့ အအေးဓာတ်ဟာ မေးခိုက်ဖွယ်ရာ။ တရွေ့ရွေ့ကုန်ဆုံးလာတဲ့ ညနဲ့အတူ အအေးဓာတ်ဟာ တိုးလို့ တိုးလို့ ထွေးပွေ့လာတဲ့အခါ Chanyeol ရင်ခွင်ထဲက အမျိုးကောင်းသားလေးဟာ ရင်ငွေ့ကို တိုးလို့ တိုးလို့ ခိုလံှုလာတော့တယ်

ညဟာရှည်ပါတယ်
အထူးသဖြင့် စိတ်အစဥ်ကို အစိုးမရတဲ့
နိုဝင်ဘာလရဲ့ ညတာဟာ ပိုလို့ရှည်ပါတယ်။

ခေါင်းရင်းနားက နာရီသံ တစ်ချက်ချက်နဲ့အတူ ညဟာ နှင်းမှုန်တွေကြား တိုက်စားခံနေရတယ်။ ရင်ခွင်ထဲက အမျိုးသားလေးရဲ့ ခြေဖျားလေးတွေ နွေးလို့မလာပဲ အေးလို့သာနေတဲ့အခါ Chanyeol ဟာ မနေနိုင် မထိုင်နိုင် ညကြီးသန်းခေါင် ခြေအိတ်တွေ ထစွပ်ပေးရတယ်။

တင်းကြပ်စွာ ဖက်တွယ်ထားမိတဲ့ ခန္ဓာဟာ တရွရွ ဖြစ်လာတဲ့အခါ မှေးခနဲ အိပ်မောကျသွားတဲ့ Chanyeol က နိုးလာတယ်။

"ခြေဖျားလေးတွေ နွေးသွားပြီပဲ"

သတိတရ စမ်းကြည့်မိတဲ့ ခြေဖျားလေးတွေ နွေးထွေးနေတဲ့အခါ စိတ်သက်သာရာ ရသွားတဲ့ Chanyeo ကပဲ အပူတက်မှာစိုးလို့ ​တစ်ခုပ်တစ်ရ ချွတ်ပေးရပြန်တယ်။

မြတ်နိုးမိတဲ့အခါ
သူ့ခြေဖျားလေး အေးနေတာကအစ
သူ့မျက်ဝန်းတွေ မှိုင်းပြနေတာအထိ
ကရုတစိုက် ချစ်မိတတ်ပြန်တယ်။

*********

အဲ့လိုနဲ့ သူတို့ဟာ မော့ပိုက အပြန်လမ်းတစ်လျှောက်မှာ အလွန်တရာမှကိုကြည်လင်နေကြတယ်။

ပိတ်ထားမိတဲ့ Baekhyun ရဲ့ ခြံဝလေးဟာ ဒီနေ့နဲ့ဆို ၃ ရက်မြောက်နေ့ဖြစ်တယ်။

"Hyung "

"ဟင်"

"ချစ်တယ်"

မျက်ဝန်းတွေ ပေါက်ထွက်တော့မတတ် နစ်ဝင်အောင် ကြည့်ရင်း Chanyeol က ချစ်စကားတွေကို အဲ့ဒီလို မကြာခဏ ပြောတတ်လာပါတယ်။

"အင်းသိတယ်"

နဖူးပြင်ပေါ် မြတ်မြတ်နိုးနိုးကျရောက်လာတဲ့ မေတ္တာတွေ။
လက်ဖျားလေးကို တယုတယ ထိကပ်လာတဲ့ ချစ်ခြင်းတရားတွေ။
ဒီကောင်လေးက သူ့ကို အရာအားလုံးထက်ပိုပြီး ထိုက်တန်တယ်ဆိုတာ ခံစားမိတဲ့အထိကို ချစ်ပေးတာဖြစ်တယ်။

ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)CompletedTahanan ng mga kuwento. Tumuklas ngayon