Uni#
\ Note - မမ Joe_Z_1823 အတွက် လက်ဆောင် short storyလေးေလးပါ ကြိုက်နှစ်သက်ရင် ဖတ် :))🤎 Xiao Soft Typeပါနော် Yizhanပါ /
_______
ပေကျင်းရဲ့ ဟိုက်ဝေး လမ်းမကြီးမှာ ကားအနက်တစ်စီးဟာ အမြန်ပြေးမောင်းနေလျက်ရှိသည် ။
" ကျန့်ကျန့် မားပြောထားတာကို မှတ်မိတယ်မလားဟင် "
အရှေ့က မောင်းနေတဲ့ဦးလေးဖြစ်သူက
" မမှတ်မိလို့မရဘူး မမှတ်မိရင် ငါတို့ ငွေမရတော့ဘူး "
ရှောင်းမားက ညိုးနွမ်းနေတဲ့မျက်နှာနဲ့ သူမရဲ့သားကို ဖက်ထားလိုက်တော့သည် ။ သူမအပြစ်တွေပါ ။ သူမဝဠ်တွေကို သူမသားက သူမအစား ဆပ်နေရပြီ ။
စကားတစ်ခွန်းမှ ဟမလာတဲ့သူမသားက သူမရဲ့ရင်ခွင်ထဲမှာဘဲ ငြိမ့်ငြိမ်လေး နေနေသည် ။ ဖြစ်နိုင်ရင် သူမသားကို အခုပဲ ခေါ်ထုတ်သွားချင်သည် ။ အဲ့လို့လုပ်လိုက်ပြန်ရင်လည်း ပုံကျလာမယ့်ပြဿနာတွေ မနည်းမနော ။
" နောက်ထပ်၂နာရီနေရင်ရောက်မယ် "
__________
" ကျစ် လမ်းက ကြမ်းလိုက်တာ "
ဦးလေးဖြစ်သူက ရှေ့က ကျောက်ခဲတွေကို ကြည့်ကာ ရွတ်ဆိုသည် ။
" ရွာဘက်တွေဆို ကားဝင်လို့မရဘူး "
" လမ်းလျှောက်သွားတာပေါ့ကွာ ရှောင်းကျန့် ထွက်ခဲ့ ! "
ရှောင်းကျန့်က ခေါင်းငုံလျက် ထွက်လာသည် ။ သွေးကြောမျှင်လေးတွေ အနည်းငယ်ထွက်နေတဲ့လက်လေးရယ် ဖြူအုနေတဲ့အသားအရေလေးရယ်
မတိုမရှည်ဖြစ်နေတဲ့ ဆံပင်လေးရယ် | အရှေ့က ထင်းနေတဲ့ သွားလေးနှစ်ချောင်းရယ် နှုတ်ခမ်းအောက်ကမှဲ့နက်လေးရယ်က ရှောင်းကျန့်ရဲ့ရုပ်လေးကို ချစ်ဖို့ကောင်းစေတယ် ။" ကျန့်ကျန့် အေးနေမယ် လက်ရှည်လေး ထပ်ဝတ်အုံး "
မားဖြစ်သူက ကားထဲက ပြန်ဝင်ကာ ခရီးဆောင်အိတ်ထဲကနေ လက်ရှည်တစ်ထည် ယူပြီး ရှောင်းကျန့်ကို ဝတ်ပေးသည် ။ ဒီလိုမှန်းသိရင် သူမသားကို ဖွက်ထားခဲ့ပါတယ် ။ အရွယ်ရောက်လာလေ ချစ်ဖို့ကောင်း ချောလည်းချော လှလည်းလှလာတဲ့ သူမသားလေးကို ယောင်္ကျားလေးတိုင်းနဲ့မိန်းကလေးတိုင်းရဲ့ အသဲစွဲနှုတ်ခမ်းနီမင်းသားေလး ဖြစ်လာတော့သည် ။