- 2 -

1K 76 61
                                    

Uni#

" ရိ ... ရိပေါ် "

" ပြော ! "

သူလေသံ မာသွားလို့လားမသိ ။ ရှောင်းကျန့်က တစ်ချက်တုန်တက်သွားသည် ။

" ဟို ... ငါမား .. အ .. အဆင်ပြေလား .. သိ .. သိချင်လို့ "

" မသိဘူးလေ "

သူတဲခန်းထဲကို ဝင်တော့ ရှောင်းကျန့်ကလည်း ကုတ်ကုတ်လေး ဝင်လိုက်လာသည် ။

" ငါမားကို ကူညီပေးပါလားဟင် ငါမင်းဆီမှာ အလုပ်လုပ်ပေးမယ်လေနော် "

" ကျွန်တော့်မိန်းမ လုပ်ပါလား "

" မင်း ..! "

ချက်ချင်း စတော်ဘယ်ရီသီးလို့ ရဲကာ မျက်နှာလွဲသွားတဲ့လူကို ထပ်စချင်နေမိသည် ။ တစ်လမ်းလုံး သူလူတွေ ရှိနေလို့လားတော့မသိဘူး ။ ရှောင်းကျန့်က လိုက်လာတဲ့ခြေကျင်တစ်လျှောက်လုံး ငြိမ်ကုတ်နေခဲ့တာ ။ အသက်ရှူသံတောင် မကြားရ ။

" ငါမားကို ဦးလေးက သေချာပေါက်လွှတ်ပေးမှာ မဟုတ်ဘူး အဲ့ကျ ငါမား ငိုရလိမ့်မယ် ရိပေါ် ကူညီပေးလို့မရဘူးလားဟင် "

" မကူညီချင်ပါဘူး ခင်ဗျားကြောင့်နဲ့ ငွေသားတစ်သန်းဆုံးရှုံးထားတာ ထပ်ကူညီရင် ကျွန်တော့်နစ်နာမှာပေါ့ "

ရှောင်းကျန့်က သူအပူနဲ့သူမို့ အင်္ကျီချွတ်နေတဲ့ဝမ်ရိပေါ်ကို ခုချိန်ထိ သတိမထားမိ ။ ရေချိုးခန်းဝင်သွားတဲ့အထိ သူမားကိုပဲ ကူညီပေးဖို့ တတွတ်တွတ်ပြောနေတော့တာ ။ သူမားကို ဘယ်လောက်စိတ်ပူနေလဲဆိုတာ ဝမ်ရိပေါ်တောင် ခံစားမိလာပြီဖြစ်တယ် ။

" ငါမင်းဆီမှာ ကျွန်လို့လုပ်ရလည်း ကိစ္စမရှိဘူး အဓိကက ငါမားအဆင်ပြေဖို့ပဲ ရိပေါ် လုပ်ပါနော် မင်းကူညီမှ ရမှာမို့ပါ "

" ဂျီးတွန်းပေး "

" ဟင် "

သူလက်ထဲကို ဝမ်ရိပေါ်က ကျောက်တုံးထည့်ပေးလာသည် ။ ခုမှ သူလည်း သူကိုယ်သူ သတိထားမိတော့တယ် ။ ဝမ်ရိပေါ်တစ်ကိုယ်လုံးအင်္ကျီချွတ်နေတဲ့အထိတောင် သူက သတိမထားမိသေးဘူးပဲ ရှက်လိုက်တာ ။

" လုပ်လေ ကြာလိုက်တာ "

" အော် အင်း "

ကျယ်ပြန့်နေတဲ့ပုခုံးကြီးကို ဆပ်ပြာတိုက်ကာ ဂျီးတွန်းနေမိသည် ။ ဂျီးတွေ အလိပ်လိုက်ထွက်လာတော့ ရှောင်းကျန့်မှာ ငိုပြီးတောင် ထွက်ပြေးချင်လာသည် ။ ဝမ်ရိပေါ်က ရေရော ချိုးရဲ့လား ။ ညစ်ပတ်လိုက်တာ ။

ᴍɪɴᴇ [ ᴄᴏᴍᴘʟᴇᴛᴇ ]Where stories live. Discover now