Part-20

61 1 0
                                    

Unicode

ပြန်ဖို့အတွက် ကားပေါ်ရောက်တော့ သျှန်ချီ၏ ခုနက အရှက်များ​က နှိုင်းထန်ထင်သလို ပျောက်ဆုံးသွားပြီဖြစ်သည်။ အခုကားပေါ်ရောက်တော့ အခြေအနေနောက်တစ်မျိုးကို ထပ်မံကြုံတွေ့နေရသေးသည်။

"ကိုလတ် ကျွန်တော့်ကို အရင် အိမ်ကိုလိုက်ပို့ပေး.."

"အာ..မရပါဘူး..ကိုလတ် ကျွန်တော်ကို့အရင် ဖေဖေတို့အိမ်လိုက်ပို့.."

"ဟ သျှန်ချီသွေး..မင်းဘာလို့လိုက်တွယ်ကပ်နေတာလဲ.."

"ငါဘယ်မှာတွယ်ကပ်နေလို့လဲဟ..ငါလည်း ငါ့အိမ်ငါအရင်ပြန်ချင်လို့ပြောတာလေ.."

"ဒါပေမယ့် ကိုလတ်ကို ငါ့အိမ်အရင်လိုက်ပို့ခိုင်းတာလေ.."

"ထွန်းလင်းတိုင်းပြည်..မင်းကအရင်လိုက်ပို့ခိုင်းပေမယ့် ငါ့အိမ်ကပိုနီး...အားခင်ဗျားဖယ်စမ်းပါ..ဒီမှာစကားပြောနေတယ်လေ.."

သျှန်ချီ ထွန်းလင်းနဲ့ စကားပြောနေရင်း ပခုံးပေါ်ကျရောက်လာသော လက်များကြောင့် နှိုင်းထန်ကို ဖိဟောက်ရသည်။

မရသေးခင်ကတည်းက အပိုးကျိုးနေသော မဟာနှိုင်းထန်တို့ကတော့ သျှန်ချီတစ်ခွန်းပြောရုံနဲ့ ပခုံးပေါ်က လက်များအား လွှတ်လိုက်သည်။

အရှေ့မှ ဦးငယ်နဲ့ ကိုစည်းတို့ကတော့ သူတို့ကိုတစ်ချက်ပဲ ကြည့်ကာ ဘာမှပြန်မပြောတော့..

"ငါဆက်ပြောမယ်...ထွန်းလင်းတိုင်းပြည် မင်းအိမ်နဲ့ငါအိမ်ဆိုရင် ငါ့အိမ်ကပိုနီးတယ်..ဒီတော့ ငါ့အိမ်ကို အရင်ပြန်ပို့ခိုင်းလိုက်မယ်လေ.."

"မရဘူး..ငါ့အိမ်ကို အမြန်ရောက်မယ့်ဖြတ်လမ်းနည်းကို ငါသိတယ်..ငါညွှန်ပေးမယ်..ငါ့အိမ်ကိုအရင်မောင်း.."

"မင်းဒီလိုလုပ်လို့မရဘူးလေ..."

"မင်းလည်းဒီလိုလုပ်လို့မရဘူးလေ.."

"တောက်!..ထွန်းလင်းတိုင်းပြည်.."

"မင်းနော်..သျှန်ချီသွေး.."

"ကဲကဲ..တော်ပြီ..သျှန်ချီရော..ထွန်းလင်းရော တော်တော့..တကယ်ဆိုရင် မင်းတို့ ပြိုင်ပွဲလုပ်ကြည့်ပါလား.."

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now