In The Rich Man 's World [ part - 1 ]

40 5 0
                                    

New York ၏ အရှေ့ပိုင်း brown billy ဟာ နယူးယောခ့်၌  အန္ဆာရယ်များသည့် နေရာတွေထဲက တစ်ခုအပါအ၀င်ဖြစ်၏။

မရေမတွက်နိုင်သော မူးယစ်ဆေးများ၊ ဆယ်ငါးမိနစ် ၊ နာရီ၀က် အခကြေးငွေ‌ ပေးကာ ပျော်ပါးနိုင်သည့် အပျော်မယ်များနှင့် လိုင်စင်မရှိသော ဘုံဆိုင်များဟာ ထိုနေရာ၌ မှိုလို ပေါက်နေ၏။ ပိုက်ဆံသာ ရှိပါက လိုချင်တာ အကုန်ရနိုင်ပြီး တစ်ခါတစ်ရံ လက်ရဲဇတ်ရဲရှိသူတွေကို လူပါအငှားသတ်ခိုင်းလို့ရသေးသည်။

ဒါပေမဲ့ ဘယ်လောက် အန္တာရယ်များသည်စေ၊ မှောင်ရိပ်ပြုလာသည့်နှင့် ဘရောင်းဗေလီလမ်းဟာ စည်ကားလာ၏။  ဘရောင်းဗေလီ၏ ညတွေကတော့ အပျော်မယ်တွေနှင့် ဘုံဆိုင်တွေမှ မီးရောင်စုံများကြောင့် တောက်ပစမြဲ။

ဘုံ‌ဆိုင်ထဲမှာ အရက်အေးဆေးသောက် စကားပြောနိုင်သလို တရားမ၀င်ကလပ်တွေမှာ ကိုးကိန်းလေး ထိုး၊ အပြန်ကျရင် လမ်းပေါ်က ညငှက်လေးတစ်ကောင်ကိုတောင် ဈေးညှိခေါ်သွားနိုင်သည်။ တစ်နေရာထဲ၌ အစုံရသည့် နိဗ္ဗာန်ဘုံပင်မဟုတ်ပါလား။

လမ်းမဘေးရှိ မီးတိုင်တွေ အောက်မှာ ဖောက်သည် မျှော်နေသော  အမျိူးသမီးငယ်တွေအပြင် အမျိုးသားငယ်များလည်းရှိသည်။ အများက ဆယ်ကျော်သက် အိမ်ပြေးလေးများဖြစ်ကာ အတော်အများက ဆေးစွဲနေပြီဖြစ်သည်။ 

ဒီညအတွက် ဈေးညှိလို့ တည့်သွားသူတွေက ကားတွေပေါ် ကိုယ်စီတက်သွားပြီး မရသေးသူတွေကတော့ လမ်းသွားလမ်းလာ ပုရိသတွေအား မသံပေး ဆွဲဆောင် နေ၏။

ကိုယ်စီအလုပ်ရှုပ်နေကြသော ဤလမ်းမထဲသို့ ပြောင်လက် တောက်ပနေသော Roll Royce ကားအနက်ရောင်တစ်စီးက ဖြေးဖြေးချင်း ကွေ့၀င်လာခဲ့သည်။ ဒီလိုမျိး သန်းချီတန်တဲ့ ကားမျိုးက ဒမလာတတ်တာကြောင့် အထူးအဆန်းဖြစ်နေကြသည်။

အကွက်မြင်သော ကောင်မလေးအချို့က ချက်ချင်းပင် နှုတ်ခမ်းနီ ထုတ်ဆိုးကာ ပြင်ဆင်လျှက်။ ထိုကားကတော့  ကောင်လေးတစ်ယောက်ရပ်နေသော မီးတိုင်တစ်ခုနား၌ ခဏတာ ရပ်သွားသည်။

ကောင်လေးသည် ဓာတ်တိုင်ကို မှီရင်း ရပ်သွားသည့်ကားကို အကဲခတ်နေသည်။
ကောင်လေးက ဒီနေရာမှာ နာမည်အကြီးဆုံး။  သူဌေးမကြီးတွေ သူဌေးတွေ အသုံးတော် ဖြစ်တာကြောင့် လူတွေက သူကို လာ‌ ခေါ်တာ ဖြစ်ရမယ်မှန်း‌ တွေးမိကြသည်။

You've reached the end of published parts.

⏰ Last updated: Jan 11 ⏰

Add this story to your Library to get notified about new parts!

In The Rich Man 's World Where stories live. Discover now