( 12 ) U / Z

18.9K 851 157
                                    

U~

" 'မြူငယ်' ဒါငါအခုလုပ်နေတဲ့ Project ရဲ့
ရှယ်ယာရှင်တွေထဲကတစ်ယောက် 'ဦးရာဇဝင်' "

" ဟုတ်ကဲ့ 'သက်တံ့မြူငယ်' ပါ
တွေ့ရတာဝမ်းသာပါတယ်ဗျ "

" ဦးလည်း ထပ်တူပါပဲ "

'မြူငယ်' 'ဦးရာဇဝင်' ဆိုသည့် လူအားငေးနေမိသည်။ အရပ်အမောင်းက ခြောက်ပေသုံးလောက်ဖြစ်မည် ကျစ်လစ်သန်မာသည့် ခန္ဓာကိုယ်နှင့် ရင်အုပ်ကျယ်ကျယ်တို့အား ပိုင်ဆိုင်ထားသူဖြစ်သည်။
ရိတ်သင်ထားသော နှုတ်ခမ်းမွှေးနှင့် မုတ်ဆိတ်မွှေးတို့က စိမ်းဖန့်ဖန့်နဲ့ ကြည့်ကောင်းနေကာ
နက်မှောင်နေသည့် ဆံပင်တို့အား ဘေးခွဲပြီး ဂျယ်ဖြင့်လှန်သိမ်းထားကာ အလွန်ပင်တည်ကြည်ခန့်ညားလွန်းသည်။ Daddy Type ကြီးကွ မိုက်လိုက်တာ...

" အဟမ်း!! "

အငေးလွန်နေသည်မှာ 'လွမ်း' ချောင်းဟန့်လိုက်မှ အသိပြန်ဝင်လာရသည်အထိ၊

" 'ဦးမင်းထည်ဝါ' တို့ကို သွားနှုတ်ဆက်နှင့်'မြူ'
ငါပြီးမှလိုက်လာခဲ့မယ် "

" ဟမ်! အင်း..အင်း ..."

'မြူငယ်' ထွက်သွားတော့မှ 'လွမ်း' 'ဦးရာဇဝင်' ဘက်ကိုလှည့်ကြည့် ကာ စကားဆက်လိုက်သည်။

" Congratulation ညီ "

'ရှိုင်း' ‌‌၏ပြောစကားကြောင့် 'မြူငယ်' ဘာပြန်ပြောရမည် မသိဖြစ်သွားရသည်။

" ကိုကို သားလေ.. သားတောင်းပန်ပါတယ် "

" ကိုယ့်ကိုတွေ့တိုင်း တောင်းပန်စကားပဲ
ပြောနေတော့မှာလား "

'ရှိူင်း' ပြောလိုက်တော့ 'မြူငယ်' ကခေါင်းငုံ့သွားသဖြင့် 'ရှိုင်း' အရှေ့တွင်ကျနေသည့် 'မြူငယ်' ၏ဆံပင်လေးကို လက်ဖြင့် ဖယ်ပေးလိုက်ကာ

" ကိုယ်နဲ့တွေ့ရင် ပေါ့ပေါ့းပါးပါးပဲနေပါ
ကိုယ်တို့က ငယ်ငယ်လေးကတည်းက ရင်းနှီးခဲ့တဲ့ မိတ်ဆွေတွေမဟုတ်လား၊ အရင်းနှီးဆုံး မိတ်ဆွေတွေလေ "

" ဟုတ် "

'ရှိုင်း' ခေါင်းငုံ့နေသူ၏ ပုခုံးအား နှစ်ဖက်ဖြင့်ဆုပ်ကိုင်လိုက်တော့ 'မြူငယ်' ကမော့ကြည့်လာသည်။

" ကိုယ့်ကိုပြုံးပြပါဦးကွာ "

'ရှိုင်း' ပြောလိုက်တော့မှ 'မြူငယ်' က ပြုံးပြလာသည်။

You're My Beloved ( COMPLETE )Where stories live. Discover now