F100

121 1 1
                                    


202x ခုနှစ် နှစ်ဦးပိုင်းမှာပဲ ကမ္ဘာတစ်ဝန်းလုံးမှာ ရောဂါဆန်းတစ်မျိုးပေါ်လာပါတယ်။

covid-19 တုန်းကလို ကူးစက်ရောဂါမဟုတ်ဘူးလို့ ယူဆရပေမယ့် ဘာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ တပြိုင်ထဲလိုလိုပေါ်လာရတယ်ဆိုတာ မသိရပါဘူး။
စပေါ်လာကာစမှာ လူ ၁၀၀၀ ကို ၁ ယောက်နှုန်းနဲ့ စပေါ်လာတာ ဖြစ်ပေမယ့် အခု နှစ်နှစ်ကျော်အကြာမှာတော့ လူ ၁၀၀ ကို တစ်ယောက်နှုန်းအထိ များပြားလာပါပြီ။ ကာကွယ်ဆေး၊ ကုသဆေးမရှိပါဘူး။
ရောဂါဖြစ်ပွားမှု ဆယ်ဆ တိုးလာပေမယ့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ရောဂါ မဟုတ်သလို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ သိရှိကြပြီးဖြစ်တဲ့အတွက် ထိတ်လန့်စရာမလိုတော့သလို သာမာန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုလို လူတွေ လက်ခံနေကြပါပြီ။

ရောဂါက ယောက်ျားလေးတွေမှာပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက် လူပျိုဖော်ဝင်ခါစအရွယ်ကနေ အသက် ၂၅ နှစ်ခန့်အရွယ်တွေ အထိပဲဖြစ်ပါတယ်။ တစ်ပတ်ခန့် အပြင်းဖျားပြီးနောက်မှာ ယောက်ျားလေးကနေ မိန်းကလေးစစ်စစ် အဖြစ်ပြောင်းလဲသွားတာပါ။ စဖျားတဲ့နေ့ကစပြီးရေတွက်ရင် ရက် ၁၀၀ တိတိကြာတဲ့အချိန်မှာ ကုသစရာမလိုဘဲ ရောဂါပေ​ျာက်ကင်းပြီး ယောက်ျားလေးအဖြစ်ကို ပြန်လည်ပြောင်းလဲပါတယ်။ ချွင်းချက်တစ်ခုတော့ရှိပါတယ်။ မိန်းကလေးဘဝနဲ့ လိင်ဆက်ဆံမိပြီး ကိုယ်ဝန်ရသွားခဲ့ရင် ဘယ်တော့မှ ယောက်ျားလေးအဖြစ်ကို ပြန်လည်မပြောင်းလဲတော့ပါဘူး။ တစ်သက်လုံး မိန်းမဘဝနဲ့ပဲ ဆက်လက်ရှင်သန်ရတော့မှာပါ။
ဒီအချက်အလက်တွေဟာ ကမ္ဘာတစ်ဝန်းလုံးမှာ လေ့လာတွေ့ရှိထားပြီး လက်ခံထားတဲ့ အချက်တွေဖြစ်ပါတယ်။ ရက် ၁၀၀ ကို အစွဲပြုပြီး f100 ရောဂါလို့ခေါ်တွင်ပါတယ်။

ရောဂါဖြစ်လာပြီဆိုရင် ဘာမှ စိုးရိမ်နေစရာမလိုဘဲ ပုံမှန်နေရိုးနေစဥ်အတိုင်း အလုပ်အကိုင်မပျက်နေထိုင်လို့ရပါတယ်။ ကျောင်းတက်မပျက်၊ ရုံးတက်မပျက် အေးအေးဆေးဆေးနေထိုင်လို့ရအောင် အစိုးရက Id card ထုတ်ပေးပါတယ်။ ရောဂါပေ​ျာက်ကင်းရင် Id card ပြန်အပ်ရုံပဲ ဖြစ်ပါတယ်။

.......

ကျွန်တော့်မှာ အဲ့ဒီရောဂါဖြစ်လာတဲ့အချိန်မှာတော့ ရယ်လဲရယ်ချင်သလို စိတ်အနှောက်အယှက်လဲ ဖြစ်ရပါတယ်။ ကျွန်တော်က ေကျာင်းမှာ ေပြာင်ပြောင်နောက်နောက်နေတတ်လို့ လူချစ်လူခင်များသလို တစ်ခုခုဆို လက်ပါတတ်လို့ ရန်လဲများတဲ့သူပါ။
ရယ်ချင်ရတာက တနင်္လါနေ့ ကေ​ျာင်းပြန်ဖွင့်ရင် ပြောင်ချင်လို့ဖြစ်ပြီး စိတ်ညစ်မိတာက ရန်ဖြစ်ရင် အခုလို ၆ လက်မလောက်ပုသွားပြီး ပေါင် ၃၀ လောက်လျော့သွားတဲ့ ခန္ဓာကိုယ်နဲ့ ဘယ်လိုမှ အဆင်ပြေမယ်မထင်လို့ပါ။
မတတ်နိုင်ဘူးလေ ရက် ၁၀၀ ပြည့်အောင် အောင့်အီး သီးခံရုံပေါ့

You've reached the end of published parts.

⏰ Last updated: Dec 16, 2023 ⏰

Add this story to your Library to get notified about new parts!

F100 Where stories live. Discover now