Ep.....19

116 11 1
                                    

Zawgyi

Beakhyun အလုပ်တစ်ခုရသွားသည်။အဲ့တာ Chanyeolဆေးခန်းမှာ ဝိုင်းကူဖို့ပင်။တစ်ပတ်မှာ ၂ရက်လောက်သာ ပင်လယ်ထဲ ဆင်းတော့သည်။

သူအတွက် ဆေးပညာဆိုတာ ဘာမှမသိပင်မယ့် နာမည် စာရင်းမှတ်တာတွေ ကလေးတွေ ဆေးထိုးလို့ ငိုရင် ချော့ရတာတွေ ဒါတွေကို သူကူပေးသည်။ပြီးတော့ Chanyeolစားဖို့ပါ သူချက်ပေးသည်။ Yeolက မချက်ခိုင်းပင်မယ့် ဝယ်စားရင် ပိုကုန်တာမို့ စရိတ်ချွေတာရေး ဆိုပြီး သူချက်သည်။အဖွားဆီက ဟင်းချက်နည်းတွေ သင်ပြီး လက်စွမ်းပြလိုက်သည်။အစပိုင်းက သိပ်အဆင်မပြေပင်မယ့် အခုတော့ အဆင်ပြေလာပါပြီ။

နေ့စဉ်နဲ့အမျှ သူYeolနဲ့ ပိုနီူကပ်လာသလို ချစ်သူတွေလဲ ဖြစ်သွားကြပြီမဟုတ်လား.........

၃ရက်ပြည့်တဲ့နေ့မှာတင် နည်းမျိုးစုံနဲ့ သူ့ဆီက အဖြေတောင်းတယ်လေ။မနက်မှ ပေးမယ်ဆိုတော့ အိမ်ရှေ့ကို ညဘက်ကြီး ရောက်လာလို့ ချက်ချင်းအဖြေပးလိုက်ရတယ်.....

"Beakဒီနေ့ ဘာချက်မလဲဟင်"

ဟင်းချက်နေတဲ့ သူ့ကို အနောက်က ခါးကိုဖက်ပြီး Park Chanyeolတို့ စချွဲတော့သည်။Beakက yeolထက် စောစောထပြီး လာကာ စားဖို့ ပြင်ဆင်ရတယ်လေ......

နိုးလာတာနဲ့ Yeolအကျင့်က သူ့ခါးကိုဖက် ပခုံးပေါ် မှေးတင်ပြီး ချွဲတော့တာဘဲ။ခန္ဓာကိုယ်အကြီးကြီးက ခန္ဓာကိုယ်သေးသေးလေးကို မှီထားတဲ့ပုံ စဉ်းသာစဉ်စားကြည့်တော့......

"ဟိုနေ့က ဦးလေးဂင်က ဂင်ချီတွေပေးထားတယ်လေ အဲ့တာ ဂင်ချီ ဟင်းရည်လေး ချက်မလို့ ......ဒါက သုံးထပ်သား ..."

"ကိုယ့် အချစ်လေးက တော်လိုက်တာ"

"ဘာအချစ်လေးလဲ Beakဘဲခေါ် "

"ဘာလို့လဲကွာ ချစ်သူဘဲ ဖြစ်နေပြီကို"

"မရဘူး မရဘူး Beakလို့ဘဲခေါ်.....သွားတော့ မျက်နှာသွားသစ်တော့ ပြီးရင် ဆေးခန်းဖွင့်မယ်"

"ဟုတ်ပါပြီဗျ့ မွ..."

သူ့ပါးကို နမ်းကာ ထွက်သွားတဲ့ Yeol ကျောပြင်ကို ကြည့်ကာ ပြုံးမိသည်။အချစ်ဆိုတာ ဒါပါလား .....အေးချမ်းလွန်းတဲ့ အချိန်မှာတောင် နွေးထွေးလွန်းနေသည်။

ပင်လယ်ဖျံလေးရဲ့ ဒေါက်တာWhere stories live. Discover now