Chapter 26

163 15 18
                                    

အိမ်ထောင်ကျပြီးသွားရင် အရာရာတိုင်းက ကြည်နူးစရာတွေပဲဖြစ်
လာလိမ့်မယ်လို့ တွေးထားခဲ့ပေမယ့်
Billkin အတွက်တော့ အဲ့လိုမျိုးမဟုတ်ဘူး။

အိမ်ထောင်ကျကာစ နှစ်လလောက်မှာ နှစ်ယောက်သားက မိုးမမြင်လေမမြင်ကြည်နူးပြီးချစ်ကြောင်း ကြင်နာကြောင်းတွေကို နည်းလမ်းအမျိုးမျိုးနဲ့ထုတ်ပြခဲ့ကြတယ်။

ဒါပေမယ့်အချိန်ကြာလာတာနဲ့အမျှ
သူ့ခင်ပွန်းလေးရဲ့ ချုပ်နှောင်မှုတွေအောက်မှာ တစ်ခါတစ်ရံတော့
သူ့မှာ အသက်ရှူမဝဖြစ်ရတယ်။

မဂ္ဂဇင်းနဲ့မီဒီယာသတင်းတွေရဲ့စီမံခန့်ခွဲမှု ကုမ္ပဏီကို PP က သူ့ဆီလွှဲပြောင်းပေးခဲ့တယ်။တစ်နည်းပြောရရင် PP ရဲ့ပိုင်ဆိုင်မှုတွေထဲက အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုကို Billkin ကိုတာဝန်ယူခွင့်ပေးလိုက်တာ။PP ကအခုသူဝါသနာပါတဲ့ ဖက်ရှင်လောကထဲကို နောက်ဆံတင်းမှုတွေမရှိဘဲ ဝင်ရောက်နေခဲ့ပြီ။Show တွေကျင်းပတယ်....Model agency တွေမှာ ရှယ်ယာတွေဝင်တယ်။ဒီဇိုင်နာတွေကိုအိမ်ခေါ်ပြီးတောင် လေ့လာမှုတွေလုပ်နေပြီ။

PP Krit လေး သူ့ဝါသနာကိုပျော်ပျော်ကြီးလုပ်နေတာမြင်ရလို့ ဝမ်းသာရပေ
မယ့် တစ်ဖက်မှာလည်း ကုမ္ပဏီက တာဝန်တွေအကုန် Billkin ဆီမှာပုံကျနေတာအပြင် နေ့စဥ်နေ့တိုင်း သူ့အမျိုးသားလေးက စစ်ဆေးမှုတွေလည်းလုပ်သေးတယ်။

ကုမ္ပဏီအခန်းထဲမှာ တပ်ထားတဲ့ CCTV ကို PP က သူ့ဖုန်းနဲ့ချိတ်ထားတယ်။အဲ့ဒီနည်းလမ်းနဲ့အတူ Billkin ကိုအချိန်တိုင်းစောင့်ကြည့်တယ်။
သူ့ရဲ့ PP လေးက သူ့ကိုချစ်လွန်းလို့
မျက်စိအောက်ကနေအပျောက်မခံနိုင်ဘဲ စိတ်မချဖြစ်နေတာကိုသိပေမယ့်
Billkin က ချုပ်ချယ်ခံရတာကိုသိပ်
မကြိုက်လှဘူး။

ဒါပေမယ့်လည်း trust issues တွေရှိခဲ့တဲ့ သူ့ရဲ့အမျိုးသားလေးကို အများကြီးနားလည်ပါတယ်။သူ့ကမ္ဘာမှာ
Billkin ပဲရှိတာမို့ အချစ်စိတ်တွေလွန်ကဲတယ်ဆိုတာကို နားလည်သဘောပေါက်ပါတယ်။အဲ့ဒါကြောင့်လည်း သူ့အချစ်တွေက PP အပေါ်မှာ သေးသေးတောင်မှ မလျော့သွားပါဘူး။နေ့ရက်တိုင်းမှာ အချစ်တွေတိုးနေစမြဲပါပဲ။

The sky is not BlueWhere stories live. Discover now