🕯️||Chapter-7||🕯️

120 15 6
                                    

Unicode 🐭

"ကျွီ....."

"အချစ်ကလေး ပြန်လာပြီလား.."

ကားရပ်လိုက်တာနဲ့ ဒန်းပေါ်မှာ ခြေချိတ်ကာ ထိုင်နေသည့် ကိုယ်တော်က စကားနာထိုးလာသည်။

" *ီး ကိုအချစ်ကလေးလား "

Winny အိတ်ကို ဆွဲထုတ်လိုက်ရင်း ဆဲလိုက်သည်။

"အိမ်ထဲမှာ ငါ့အမေရှိတယ်နော် မင်းပြောချင်သလို ပြောလို့မရဘူး..."

"မင်းက မသေနိုင်တော့ဘူးမလား...အဲ့တော့ပြန်ခိုင်းလိုက်ပေါ့ကွာ"

"အခုချက်ချင်း ပြန်ခိုင်းရင်..ရိပ်မိသွားမှာပေါ့..ချီးဦးနှောက်နဲ့ကောင်ရ"

ထိုစဉ်...

"သား Winnyလေး ပြန်လာပြီလား...ရေချိုးလိုက်ဦးလေ.. မေမေဟင်းချက်ထားတယ်"

"ဟုတ်ကဲ့ .. အန်တီ"

"ကိုယ့်ကို တွဲကူပါဦး .. အချစ်ရဲ့"

"ဟေ့ကောင် မင်းကခြေထောက်ပါကျိုးသွားတာလား "

"အိမ်ထဲမှာ မေမေနဲ့နော်"

Satang သတိပေးလိုက်တာကြောင့် Winny အထွန့်မတက်တော့ပဲ Satang ကို ဆွဲထူလိုက်သည်။

"သေမှာဖြင့် မြန်မြန်သေတာမဟုတ်ဘူး *ီးလိုကောင်"

Winny ရေမိုးချိုးပြီး အောက်ထပ်ဆင်းလာတော့ အန်တီက အားလုံး ပြင်ဆင်ပြီး ဟိုကောင်နဲ့ တူတူ ထိုင်စောင့်နေပုံရသည်။

Winnyက အန်တီ့ဘေးနားမှာ ဝင်ထိုင်မည့်ဟန်ပြင်တော့ Satang ကသူ့ဘေးနားမှာ လာထိုင်ရန်ခေါ်သည်။

"အချစ်ရေ လာလေကွာ..အရင်လိုပဲကိုယ့်ဘေးနားလာထိုင်လေ..
မေမေက ဘာမှပြောမှာမဟုတ်ပါဘူး "

"ဟုတ်သားပဲ သား Winny ရဲ့ သားလေးဘေးနားမှာ သွားထိုင်လိုက်ပါကွယ် ဘာမှမဖြစ်ပါဘူး..သားတို့သဘောပါပဲ"

"ဟုတ်ကဲ့ပါ အန်တီ"

Winny အန်တီ့ကို ဟန်ဆောင်ကာ ပြုံးပြလိုက်ပီး Satang ဘေးနားမှာ ၀င်ထိုင်လိုက်သည်။
Satang ရဲ့ပေါင်ကို လက်နဲ့ တစ်ချက်လိမ်ဆွဲလိုက်ပြီး...

"အာ့...မင်း..."

"ဟန်ဆောင်တာ တော်ရုံပဲကောင်းတယ်နော်..လွန်မလာနဲ့ ငါမင်းကိုတက်ချမှာ"

"My Little Jerry"Where stories live. Discover now