1

190 20 13
                                    

" အထက်တန်းနောက်ဆုံးနှစ်ရဲ့ရင်ခုန်သံ "

‌ဇွန်လရဲ့မိုးဖွဲဖွဲလေးနဲ့အတူပဲကျောင်းတက်ရက်လည်းပြန်လည်ရောက်ရှိလာလေပြီ

ဒါကကျောင်းသားတိုင်းကိုစိတ်ညစ်စေတာအမှန်ပဲ
အဲ့လိုလူတွေထဲမှာတော့ငါမပါဘူးနော် ဘာလို့လဲဆိုငါကTop 10စာရင်းဝင်ကျောင်းသားတယောက်မို့လို့ပဲ

__________________________

1.6.2023

ဒေါက်..ဒေါက်

" Gem ထတော့လေ ‌ဒီနေ့ကျောင်းသွားရမယ်မလား "

" ဟုတ် Mae သားနိုးနေပါပြီ"

" သားပြင်ဆင်ပြီးရင်အောက်ဆင်းလာခဲ့ maeမနက်စာစားဖို့စောင့်နေမယ် "

" ဟုတ် "

ဘာလိုလိုနဲ့ကျောင်းတွေတောင်ပြန်ဖွင့်နေပြီပဲ ဒီနှစ်ကအထက်တန်းနောက်ဆုံးနှစ်
ဘဝကိုအဆုံးအဖြတ်ပေးမယ့်နှစ်လို့ပြောလည်းမမှားဘူး

အရင်နှစ်ကထက်စာရင်ပိုကြိုးစားမှဖြစ်တော့မယ် အစကောင်းမှအနှောင်းသေချာမှာ

ကဲ ခုတော့အရင်အိပ်ယာထမှပဲ
မဟုတ်ရင် maeဆူတော့မယ်

ငါပြင်ဆင်ပြီးလို့အောက်ထပ်ကိုဆင်းလာတဲ့အချိန်မှာပဲ ရလာတဲ့ကော်ဖီနံ့သင်းသင်းလေး ဒီကော်ဖီနံ့လေးကိုငါအရမ်းကြိုက်တာပဲ!!‌
တခြားကော်ဖီအမျိုးအစားတွေသောက်ဖူးပေမယ့် ဒီကော်ဖီလေးကတော့ငါ့ရဲ့အသဲစွဲလေးပေါ့ ဒါကလည်း Ning keeratiဖျော်ပေးမှသောက်လို့ရမယ့်အရသာလေး

ကော်ဖီအကြောင်းတွေးရင်းနစ်မြောနေတဲ့ငါ့ကိုmaeကတွေ့တော့ထုံးစံအတိုင်းစတော့တာပဲ

" Gem ဘာတွေတွေးနေတာလဲ ကောင်မလေးအကြောင်းလား ကောင်လေးအကြောင်းလား မှန်မှန်ပြော "

" Mae ဘယ်ကကောင်မလေးတွေ ကောင်လေးတွေလဲ သားကလူရိုးလေးပါနော် ဘယ်သူမှမရှိဘူး ခေါင်းထဲမှာစာပဲရှိတာ "

" ဟုတ်ပါပြီလေ ဘာမှတွေးမနေနဲ့တော့ ကော်ဖီမြန်မြန်လာသောက် အေးရင်သောက်လို့မကောင်းပဲနေမယ် ပြီးရင်ကျောင်းသွားဖို့ပြင်တော့ ဒီနေ့ကပထမဆုံးရက်ကိုနောက်မကျစေနဲ့ "

Purple boy Where stories live. Discover now