၅၂..၅၃

1.2K 156 4
                                    


အပိုင်း ၅၂

ယန်ကျစ်က ခေါင်းလှည့်ပြီး ကျိုင်ရှင်းချန်ကို တစ်ချက်ကြည့်သည်။ စင်မြင့်မှ မီးကို တစ်ဖန်ပြန်ဖွင့်လိုက်ပြီဖြစ်သဖြင့် သူက ကျိုင်ရှင်းချန်၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ကျိုင်ရှင်းချန်၏မျက်ဝန်းထောင့်များက နီရဲနေပြီး ကြော့ရှင်းကြည့်ကောင်းကာ ဆွဲဆောင်မှုအပြည့်ရှိနေသည်။ ယန်ကျစ်က သူ့ကို ကြည့်လာကြောင်းမြင်သောအခါ အပြုံးနှင့်အတူပြန်ကြည့်လာသဖြင့် ယန်ကျစ်၏ စိုးရိမ်မှုများအားလုံးက ချက်ချင်းဆိုသလို ငြိမ်းအေးသွားရသည်။ သူက တစ်ခဏခန့်ကြာအောင် မျက်နှာသေနှင့်ဆက်ထိုင်နေပြီးနောက် ကျိုင်ရှင်းချန်ဘက်သို့ ကိုယ်အနည်းငယ်စောင်းလိုက်သည်။ သူ၏ဘယ်ဘက်လက်မောင်းကလည်း လက်တင်ခုံပေါ်တင်လိုက်သည်။ ပရိုဂရမ်အဖွဲ့က ကင်မရာကိုအနည်းငယ်ဆွဲယူကာ ရိုက်ကူးလိုက်သဖြင့် နှစ်ယောက်လုံးက ကင်မရာတစ်ခုတည်းတွင် ပေါ်လာသည်။

[ဖာခ့် … ကျိုင်အလှလေးနဲ့ငါတို့ရဲ့လျှို့ကောက ဘောင်တစ်ခုတည်းမှာပဲ]

[မင်းတို့နှစ်ကောင် ငါ့အတွက် အိုင်ဒေါလ်ဒရမ်မာတစ်ကားလောက် ရိုက်ပေးစမ်းပါ၊ အရမ်းကို လိုက်ဖက်ညီလွန်းတယ်]

[ငါကတော့ ဟူရင်းနဲ့ကျိုင်ရှင်းချန်ရဲ့ရှင်းဟူ CP က တော်တော်လေး လိုက်ဖက်ညီနေပြီလို့ ထင်နေတာ၊ ဒါပေမယ့် ကျိုင်ရှင်းချန်က ယန်ကျစ်နဲ့ ပိုတောင်လိုက်ဖက်နေမယ်လို့ မထင်ဘူး]

တစ်ယောက်က သန့်စင်ကာကြော့ရှင်းကြည့်ကောင်းပြီး အခြားတစ်ယောက်ကမူ ချောမောကာ နူးညံ့ညင်သာသည်။

သူတို့ သည်အတိုင်းထိုင်ကာ ရေသောက်ခြင်းအားကြည့်ရုံနှင့်ပင် လူတိုင်းက အော်ဟစ်မိစေသည်။

ယန်ကျစ်က ရုတ်တရက်ခေါင်းလှည့်ကာ ကျိုင်ရှင်းချန်ကို စကားပြောသည်။ ထိုခန်းမကြီးက ဆူညံလွန်းသောကြောင့် ကျိုင်ရှင်းချန်က သူ့အနားတိုးကာ နားအနားကပ်ပြီး နားထောင်ရသည်။

“အား အား အား အား အား”

[ဒါ ဘာလုပ်တာလဲ၊ လူရှေ့မှာ နားကိုကိုက်နေတာလား၊ ငါ ပြောမယ်၊ ဆက်ကိုက်]

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now