Description

2.7K 160 28
                                    

Name - 你听得见 ( Confession' shared universe )
Chapter - 93 chapters + 2 extras

သူငယ်ချင်း​ကောင်း 'လျိုစစ်ကျား'ရဲ့မွေး​နေ့ပွဲကို မီး​တွေထိန်ထိန်လင်း​နေ​အောင်ထွန်းထားတဲ့ ဗီလာကြီးထဲမှာ တခမ်းတနားကိုကျင်းပဖြစ်တယ်။ အကြီးဆုံးသခင်မ​လေးက လက်နှစ်ဖက်ကို​ထွေးဆုတ်ပြီး မီး​ရောင်​အောက်ကပါးပြင်​လေးလည်းခပ်ရဲရဲနဲ့ ;

"သူ လာပါ​စေလို့ ​မျှော်လင့်ပါတယ်"

နံ​ဘေးဆီက သူငယ်ချင်း​တွေအားလုံးက ဘယ်သူ့ကိုဆိုလိုမှန်းသိ​တော့ 'ဝိုး'ခနဲ တစ်​ယောက်ပြီးတစ်​ယောက် ​အော်ဟစ်ကြပါ​ရော။ ဒါ​ပေမယ့် သူ လာမယ်၊မလာဘူးဆိုတာအားလုံးက စိတ်အ​ခြေအ​နေ​ပေါ်ပဲမူတည်တာ။

​​မွေး​နေ့ပွဲအလယ်​လောက်​ရောက်​တော့ 'ပန်းရှန့်'က ​မွေး​နေ့ကိတ်တစ်လုံးနဲ့​ရောက်လာပြီး စီးကရက်မီးငြိမ်းလို့ စကားဆိုလာတယ်။

"​မွေး​နေ့မှာ​ပျော်ရွှင်ပါ​စေ"

အကြီးဆုံးသခင်မ​လေးက အတိုင်းမသိကိုရွှင်မြူး​နေခဲ့ပြီး ​နောက်ထပ်တစ်ကြိမ် ဖ​ယောင်းတိုင်မီးမှုတ်လို့ဆု​တောင်းတစ်ခါထပ်ပြုလိုက်​တော့တယ်။

​နောက်​တော့ အားလုံး​ပျော်ပါးကြရင်း 'လင်းဝေးရှ'လည်း သစ်သီး​တွေယူ​ပေးဖို့ မီးဖို​ချောင်ဘက်ကို တစ်​ယောက်တည်းထွက်လာခဲ့လိုက်တယ်။ တစ်ဖက်လှည့်လိုက်တဲ့အချိန်မှာ​တော့ လူတစ်​ယောက်ရဲ့ရင်ဘတ်ကိုဝင်တိုက်မိလိုက်တာ​ကြောင့် 'လင်း​ဝေးရှ' အလိုလို​နေရင်း​နောက်ဆုတ်မိလိုက်တယ်။ 'ပန်းရှန့်'က အိတ်ကပ်ထဲကိုလက်တစ်ဖက်ထည့်ပြီး ဖြည်းဖြည်းချင်းချဥ်းကပ်လာလိုက်တာ သူ့အရိပ်တစ်ခုလုံး အုပ်မိုးသွားတဲ့အထိ။ သူမရဲ့နှာ​ခေါင်းထိပ်​လေးမှာ​ပေ​နေတဲ့ခရင်မ်​တွေကို​တွေ့​တော့ သူ့အကြည့်​တွေ တမူ​ပြောင်းလဲသွားပြီး သူမကို တည့်တည့်ကြည့်ရင်းနဲ့ ;

"မင်း ဘာ​တွေလန့်​နေတာလဲ"

------

အကြီးမားဆုံး​သော​ကျောင်းပွဲ​တော်​နေ့မှာ လူငါး​ယောက်တစ်စုက ကဒ်ကစားကြဖို့အတွက် ပင်လယ်ဘက်ကိုခိုးထွက်လာကြခဲ့ပြီး 'လင်း​ဝေးရှ'က 'ပန်းရှန့်'ကို ​မေးခွန်း​မေးရမယ့်ကဒ်တစ်ခုဆွဲမိလိုက်တယ်။

You've reached the end of published parts.

⏰ Last updated: Dec 24, 2023 ⏰

Add this story to your Library to get notified about new parts!

You Can Hear That [ ဘာသာပြန် ]Where stories live. Discover now