Merry Christmas 🎄(Unicode)

678 43 0
                                    

Merry Christmas🎄

နေရောင်ခြည်နုနုလေးတွေဖြာကျနေတဲ့အောက်အိပ်ပျော်နေတဲ့ ချစ်ရသူက သိပ်ကိုလှပလွန်းတဲ့သက်ဝင်နေတဲ့ပန်းချီကားတစ်ချပ်။

ဖြာကျနေတဲ့နေရောင်ခြည်တွေကြောင့် ချစ်ရသူနိုးမှာဆိုးလို့ လက်ကလေးနဲ့ကာထားပေးရတာလည်း သိပ်ကိုလှတဲ့ဝဋ်ကြွေးလေး။

အိပ်ယာနိုးလို့ပထမဆုံးမြင်ရတဲ့သူဟာ ချစ်ရသူဖြစ်နေတဲ့အခိုက်တန့်တိုင်းက ဘဝရဲ့အောင်မြင်ခြင်းတခု။

မေဆိုတဲ့အမျိုးသမီးလေးကို သူပိုင်ဆိုင်ထားရလိမ့်မယ်လို့ စိတ်တောင်မကူးခဲ့ဖူးတာအမှန်။ ပိုင်ဆိုင်ခြင်းဟာ လိုချင်တပ်မက်မှုလို့ ခေါင်းစဉ်တပ်လိုက်တဲ့အခါ သူ့အတွက်မပိုင်ဆိုင်ရလည်းဖြစ်သည်။ သူက မေ့ကို လိုချင်တပ်မက်ခြင်းဆိုတဲ့ ခေါင်းစဉ်ထဲမထည့်လိုပါ။

မေဟာသူ့အတွက် အဖိုးတန်ဆုံးလူသားလေး။ သူ့ဘဝရဲ့ အချိန်တိုင်းမှာ အရေးပါနေတဲ့လူတစ်ယောက်။ သူဘဝရဲ့အသက်ရှင်နေသ၍ အချစ်ရဆုံးအမျိုးသမီးလေး။
သိပ်ကိုအေးစက်လှတဲ့ဆောင်းရာသီမှာ မေဟာသူအတွက် အနွေးဓာတ်လေး။
နွေရာသီမှာ‌ဆို နွေလေရှူးတိုက်တိုင်း ရှူးချင်စရာကောင်းတဲ့ နွေလေရှုးလေး။
လွမ်းစရာတွေပြည့်နေတဲ့ မိုးရာသီမှာ ရူးလောက်‌အောင်လွမ်းရပါတဲ့ မိုးရာသီလေး။

"ကို"

ချစ်ရတဲ့သူရဲ့ အိပ်ယာနိုးစ ထွက်ပေါ်လာတဲ့အသံကအစ သိပ်ကိုနားထောင်ကောင်းတဲ့ တယောသံလေး။
သူတော့ရှူးနေပြီထင်ပါရဲ့။ မေကိုပိုင်ဆိုင်ရတဲ့နေ့ကတည်းက သူဟာရူး‌သွားတာ ရူးချင်စရာကောင်းအောင်ကို သူ့ရှေ့မှာ အိပ်မှုန်စုတ်ပွားလေးနဲ့ ရှင်းဆက်မေဆိုတဲ့ သူရဲ့အမျိုးသမီးလေးက သိပ်ကိုချစ်ဖို့ကောင်းလွန်းနေတယ်။ ဒါတွေကို ချစ်ရမဲ့သူမရှိတဲ့လူတွေက နားလည်ကြမှာမဟုတ်ပါဖူး။

"ကို နိုးနေတာကြာပြီလား"

"အွန်း တစ်နာရီလောက်တော့ရှိပီ"

"အဲ့တာကို မေ့ကိုနိုးလိုက်တာမဟုတ်ဖူး"

"အိပ်ပျော်နေတဲ့‌ ကိုရဲ့ ကလေးကြီးလေးက ချစ်ဖို့ကောင်းလွန်းနေတော့ မနိုးရက်ဖူး"

𝓜𝔂 𝓨𝓸𝓾𝓽𝓱 𝓘𝓼 𝓨𝓸𝓾𝓻𝓼..... (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now