18

1.1K 149 26
                                    




ဒုန်း!

တံခါးကိုပိတ်လိုက်သည်နှင့် ဆူညံနေတဲ့အသံလှိုင်းတွေကရုတ်ချည်းပျောက်ကွယ်သွား၏။လက်ကနေဆွဲကာချုပ်ခေါ်လာတဲ့ စီနီယာဂျုံဆောင်းကိုဂျောင်ဝန်းမကျေမနပ်ကြည့်လိုက်ပီး၊သူ့လက်ထဲကနေဆောင့်ကနဲရုန်းထွက်ပစ်လိုက်သည်။ထို့နောက် လမ်းမဘက်မျက်နှာလွှဲနေတဲ့သူကိုကြည့်ကာ...

"ကျွန်တော့်သူငယ်ချင်းတစ်ခုခုဖြစ်ရင် ဒီကစီနီယာကတာဝန်ယူပေးနိုင်မှာမို့လား။အခုကျွန်တော့်ကိုဆွဲထုတ်လာတော့ အထဲမှာကျန်ခဲ့တဲ့ကျွန်တော့်သူငယ်ချင်းကို ဘယ်လိုလုပ်မှာလဲ"



"အကိုမသိဘူး။အခုချိန်မင်းအဲ့ဒီအထဲမှာရှိနေလည်း ဆောင်းဟွန်းကဆောနူကိုရအောင်ခေါ်ထုတ်သွားမှာပဲ"



"ကျွန်တော်ရှိနေရင် သူထိလို့မရဘူး။ဖယ်ပေး!ကျွန်တော်ဆောနူကိုရအောင်ပြန်ခေါ်မှာ"

ကလပ်အတွင်းကိုပြန်ဝင်ဖို့ ဂျောင်ဝန်းတံခါးပေါက်ရှေ့ပိတ်ရပ်နေတဲ့သူကိုလက်နဲ့တွန်းဖယ်ပစ်လိုက်၏။သို့သော် ထိုစီနီယာ့ရဲ့ခန္ဓာကိုယ်ကရွေ့လျားမသွားခဲ့..။အဆုံးသတ်အနေနဲ့ ဂျောင်ဝန်းလက်မောင်းကနေထိန်း၍ဆွဲခေါ်ခံရကာ၊ကလပ်ရဲ့ကားပါကင်နေရာဆီထိ ရုန်းရင်းဆန်ခတ်အနေအထားဖြင့်ပါလာရတော့သည်။

"ကျွန်တော့်လက်ကိုလွှတ်!"

ကားနေရာရောက်မှလွှတ်ပေးတဲ့သူက သူ့ကားဘော်ဒီကိုမှီကာရပ်၏။ထို့နောက်ဂျောင်ဝန်းကိုစိတ်ရှုပ်ထွေးသလိုကြည့်ကာ သူ့ခေါင်းကငွေရောင်ဆံပင်တွေကိုလက်ဖြင့်ထိုးသပ်ပီး...။

"ဆောနူနဲ့စကားပြောရုံပဲလို့ အကို့ကိုဆောင်းဟွန်းက,ကတိပေးထားတယ်။လွှတ်ထားပေးလိုက်ကြရအောင်ပါ..။သူတို့နှစ်ယောက်ကြားမှာ ပြောစရာတွေရှိနေလို့နေမှာပေါ့..။မင်းလည်း...မင်းသူငယ်ချင်းစိတ်ကိုသိတယ်မလား။ခုချိန်ထိဆောင်းဟွန်းအပေါ်ခံစားချက်ရှိနေလို့ပဲ ဒီနေရာကိုရောက်လာပေးတာလေ။မင်းစိုးရိမ်နေသလိုမျိုး ဆောင်းဟွန်းကဆောနူကိုထိခိုက်အောင်မလုပ်ဘူးလို့ အကိုအာမခံတယ်"



Wrong TimeWhere stories live. Discover now