"ကိုယ့်ဆီကထွက်ပြေးဖို့ကြိုးစားနေတယ်ဆိုရပ်တန့်လိုက် ဂယူ"
"ကိုယ်ကမင်းကိုသတ်ပစ်ဖို့လည်းဝန်မလေးတာမို့"
S C A R Y
တိတ်ဆိတ်နေသည့်အိမ်ကြီးရဲ့အခန်းတစ်ခန်းတွင် ။
ခပ်တိုးတိုးထွက်ပေါ်နေသောရှိုက်သံငယ်ဟာ သူ့ရဲ့နားထဲကိုတစ်စ တစ်စနဲ့ဝင်ရောက်လာသည်မို့ အလိုမကျသလိုဖြစ်သွားရသည် ။"ဂယူ ကိုယ့်ဆီကိုလာခဲ့"
အမိန့်ဆန်သည့်စကားအဆုံး အခန်းထောင့်တွင်ထိုင်ရင်းငိုနေသည့်ကောင်ငယ်လေးဟာ
ခန္ဓာကိုယ်တစ်ခုလုံးတုန်သွားရင်း ခပ်ဖြေးဖြေးလေးထလာသည် ။"မြန်မြန်လာခဲ့ ကိုယ်ကနှေးတာကိုမကြိုက်ဘူးဆိုတာသိတယ်မလား"
နောက်တစ်ကြိမ်ထပ်ထွက်လာသည့်စကားသံတွင် ဒေါသသံပါလာသည်မို့ခြေလှမ်းတွေကိုအရှိန်တင်ပြီးနောက် ထိုသူ့ရှေ့တွင်သွားရပ်လိုက်သည် ။
"အင့်"
လက်ကိုကိုင်ရင်း ဆွဲချလိုက်သည်မို့ထိုသူ့ရဲ့ပေါင်ပေါ်တွင်ထိုင်ရက်သားဖြစ်သွားသည် ။
ပုခုံးပေါ်မေးတင်ရင်း လည်တိုင်အားခပ်ဖွဖွနမ်းရှိုက်လာသည့်သူဟာ ခုနကသူမဟုတ်သည့်အတိုင်းပင် ။
"ဘာလို့ငိုနေတာလည်း"
"ဟင့်အင်း ဘာမှမဟုတ်ဘူး"
"လိမ်နေပြန်ပြီလား"
"......"
"အံဆွဲထဲမှာ ဆေးဘူးရှိတယ်သွားယူလာခဲ့"
ထိုသူပြောသည့်အတိုင်းဆေးဘူးကိုယူကာလက်ထဲထည့်ပေးလိုက်သည့်အခါ သူ့ရဲ့အင်္ကျီကိုပင့်တင်ရင်းဆေးလိမ်းလာပေးသည်မို့ အတွေးတစ်ချို့ကိုတွေးမိတော့သည် ။
"ထယ်ဟျွန်း"
"အင်း"
"ဘာလို့လည်း"
"ဘာကိုပြောချင်တာလည်း"
"ဘာလို့ငါ့ကိုဒီလိုမျိုး လုပ်နေရတာလည်း"
ပြောချင်တဲ့အဓိပ္ပာယ်ကိုနားလည်သွားသည့်သူဟာ ခပ်ဟဟရယ်မောသည် ။
"ဘာလို့လည်းဟုတ်လား"
"......."
"မသိသေးတာလား မသိချင်ယောင်ဆောင်နေတာလား"