S C A R Y

113 19 0
                                    

"ကိုယ့်ဆီကထွက်ပြေးဖို့ကြိုးစားနေတယ်ဆိုရပ်တန့်လိုက် ဂယူ"

"ကိုယ်ကမင်းကိုသတ်ပစ်ဖို့လည်းဝန်မလေးတာမို့"

S C A R Y

တိတ်ဆိတ်နေသည့်အိမ်ကြီးရဲ့အခန်းတစ်ခန်းတွင် ။
ခပ်တိုးတိုးထွက်ပေါ်နေသောရှိုက်သံငယ်ဟာ သူ့ရဲ့နားထဲကိုတစ်စ တစ်စနဲ့ဝင်ရောက်လာသည်မို့ အလိုမကျသလိုဖြစ်သွားရသည် ။

"ဂယူ ကိုယ့်ဆီကိုလာခဲ့"

အမိန့်ဆန်သည့်စကားအဆုံး အခန်းထောင့်တွင်ထိုင်ရင်းငိုနေသည့်ကောင်ငယ်လေးဟာ
ခန္ဓာကိုယ်တစ်ခုလုံးတုန်သွားရင်း ခပ်ဖြေးဖြေးလေးထလာသည် ။

"မြန်မြန်လာခဲ့ ကိုယ်ကနှေးတာကိုမကြိုက်ဘူးဆိုတာသိတယ်မလား"

နောက်တစ်ကြိမ်ထပ်ထွက်လာသည့်စကားသံတွင် ဒေါသသံပါလာသည်မို့ခြေလှမ်းတွေကိုအရှိန်တင်ပြီးနောက် ထိုသူ့ရှေ့တွင်သွားရပ်လိုက်သည် ။

"အင့်"

လက်ကိုကိုင်ရင်း ဆွဲချလိုက်သည်မို့ထိုသူ့ရဲ့ပေါင်ပေါ်တွင်ထိုင်ရက်သားဖြစ်သွားသည် ။

ပုခုံးပေါ်မေးတင်ရင်း လည်တိုင်အားခပ်ဖွဖွနမ်းရှိုက်လာသည့်သူဟာ ခုနကသူမဟုတ်သည့်အတိုင်းပင် ။

"ဘာလို့ငိုနေတာလည်း"

"ဟင့်အင်း ဘာမှမဟုတ်ဘူး"

"လိမ်နေပြန်ပြီလား"

"......"

"အံဆွဲထဲမှာ ဆေးဘူးရှိတယ်သွားယူလာခဲ့"

ထိုသူပြောသည့်အတိုင်းဆေးဘူးကိုယူကာလက်ထဲထည့်ပေးလိုက်သည့်အခါ သူ့ရဲ့အင်္ကျီကိုပင့်တင်ရင်းဆေးလိမ်းလာပေးသည်မို့ အတွေးတစ်ချို့ကိုတွေးမိတော့သည် ။

"ထယ်ဟျွန်း"

"အင်း"

"ဘာလို့လည်း"

"ဘာကိုပြောချင်တာလည်း"

"ဘာလို့ငါ့ကိုဒီလိုမျိုး လုပ်နေရတာလည်း"

ပြောချင်တဲ့အဓိပ္ပာယ်ကိုနားလည်သွားသည့်သူဟာ ခပ်ဟဟရယ်မောသည် ။

"ဘာလို့လည်းဟုတ်လား"

"......."

"မသိသေးတာလား မသိချင်ယောင်ဆောင်နေတာလား"

S C A R Y (Taegyu) Where stories live. Discover now