gingerbread cookie wishes | ppusamz

454 68 6
                                    

Tags • long distance relationship, christmas themed, one shot, gingerbread wishes, barista matthew, surprising bf at holiday, kissing under mistletoe, rom, overall HE

🎄

" Gingerbread latte ရပါပြီ ... ပျော်ရွှင်စရာ ခရစ်စမတ်နေ့လေးပါ "

" မင်းရောပါပဲ "

အမြဲလာနေကျ customer ဆီက ကောင်းမွန်တဲ့ တုန့်ပြန်မှုလေး ရအပြီးမှာတော့ cafe ဆိုင်ထဲ ခရစ်စမတ်သီချင်းတွေက လွဲပြီး ဘာအသံမှ မကြားရတော့ဘူး ။

အရောင်းကုန်သွားတဲ့ ဒိုးနပ်တွေကို ပြန်ဖြည့်ရင်း မက်သရူးက ဆိုင်အပြင်ဘက်ကို ငေးကြည့်မိတယ် ။ ဘရွတ်ကလင်ရဲ့ လမ်းမတွေက ခရစ်စမတ်နေ့မှာ ပိုလှနေတာပဲ ။ လူထူထပ်နေတဲ့ ပလက်ဖောင်းတွေ ၊ ထုံးစံအတိုင်း ကားပိတ်နေတဲ့ လမ်းမမှာ ထင်းထွက်နေတဲ့ အဝါရောင် တက်စီတွေ ပြီးတော့ ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ ဘရွတ်ကလင် တံတား ။

" ဟယ်လို .... မက်သရူး ?? "

ကိုယ်ပိုင်အတွေးနဲ့ စီးမျောနေမိတဲ့ မက်သရူးရဲ့ တိတ်ဆိတ်တဲ့ အချိန်ဟာ သူ့ကို ခပ်ကျယ်ကျယ်ခေါ်လိုက်တဲ့ Co-worker ရဲ့ အသံနောက်မှာ သိမ်းဆည်းခံလိုက်ရတယ် ။

" ငါ့ရဲ့ shift ပြီးသွားပြီမို့ သွားပြီနော် "

" အင်း "

သူ ခေါင်းညိတ်ပြလိုက်မိတယ် ။ အလုပ်ပြီးလို့ သိမ်းဆည်းနေတဲ့ co-worker ရဲ့ လက်ချောင်းတွေက ဆိုင်ရဲ့ လူကျချိန်မှာ ခပ်သွက်သွက် ကော်ဖီ ဖျော်ရတဲ့ လှုပ်ရှားမှုတွေထက်တောင် မြန်ဆန်နေသေးတယ် ။

" ပျော်ရွှင်ဖွယ် ခရစ်စမတ်ပါ ။ ကောင်လေးက စောင့်နေပြီမို့ သွားပြီ "

ခုလေးတင် ဖြည့်ထားတဲ့ ချောကလက် ဒိုးနပ်ကို ဆွဲကိုက်ရင်း ဆိုင်ထဲက ခပ်သုတ်သုတ်ပြေးထွက်သွားတဲ့ သူကတော့ ကောင်းမွန်တဲ့ ဒိတ်ကလေးကို ပိုင်ဆိုင်နိုင်တော့မယ်ဆိုတာ အတပ်ပြောနိုင်ပါတယ် ။ သိပ်မကြာခင်မှာပဲ လူထူထပ်တဲ့ လမ်းမပေါ်မှာ မျက်ချည်ပြတ်သွားတဲ့ co-worker လေးရဲ့ ကျောပြင်ကို ငေးကြည့်ရင်း မက်သရူးက ဒီလို ခရစ်စမတ်နေ့မျိုးမှာ လူတိုင်းလိုလိုရဲ့ ချစ်ရတဲ့သူတွေဆီ လှမ်းတဲ့ ခြေလှမ်းတိုင်းက ကျန်တဲ့နေ့တွေထက် ပိုသွက်နေမှာပဲလို့ ကောက်ချက်ချမိတယ် ။

You've reached the end of published parts.

⏰ Last updated: Jan 14 ⏰

Add this story to your Library to get notified about new parts!

ZBoneShots Where stories live. Discover now