🧣

638 93 14
                                    

မသိလိုက်ခင်မှာဘဲ ပြက္ခဒိန်ရဲ့နောက်ဆုံးစာမျက်နှာကိုရောက်ခဲ့ပြီ။ အချစ်လလို့ခေါ်ကြပြီး ကလေးလူကြီးမရွေး အချစ်တွေအပြည့်ဖြည့်တတ်ကြတဲ့ ဒီဇင်ဘာ။

ရွေ့ရွေ့ကတော့ အိမ်က ကျောင်းစာအပြင် ပြင်သစ်စာသင်တန်းပါတက်ခိုင်းသည်မို့ ပျင်းရိလေးလံစွာနဲ့ ဆောင်းညနေတွေကို ချိုကိုပူပူလေးမသောက်ရဘဲ၊ စောင်ပုံကြီးထဲ မကွေးရဘဲ စာတွေပဲပိနေခဲ့သည်လေ။ သူလည်း အချစ်ပုံပြင်လေးတစ်ခုလောက်တော့ ဒီနှစ်မကုန်ခင်ဖန်တီးချင်ခဲ့ပေမယ့် အခွင့်အရေးမရတော့ဘူးထင်ပါရဲ့။ နောက် ၆ရက်နေရင်ပဲ ၂၀၂၃ဟာကုန်ဆုံးတော့မည်ဖြစ်သည်။ ဟူး ဟူး ဒီနှစ်မဟုတ်လည်း နောက်နှစ်ပေါ့။

သူ့အတွေးလေးနဲ့သူဖြစ်နေပြီး မကျေနပ်စိတ်ကများနေတော့ ဝတ်ထားတဲ့အနက်ကုတ်ရှည်နဲ့မှမလိုက် ချစ်စရာလေးဖြစ်နေသည်။ နှုတ်ခမ်းလေးကလည်း ဆူသလိုဖြစ်သွားပြီး ခြေထောက်ကလည်း လမ်းပေါ်က နှင်းတွေကိုကန်နေမိသည်။ ဒီလို ရွေ့ရွေ့ရဲ့ပုံစံလေးကို ဂယူဘင်းကဘေးကနေကြည့်နေရတာတင်အသည်းယားနေသည်။ သူဘေးကနေ ပါလာတာကို မသိတဲ့ ရွေ့ရွေ့က နှုတ်ခမ်းလေးကိုဆူထားဆဲ၊ မျက်ခုံးလေးတွေကိုတွန့်ချိုးထားဆဲဖြစ်သည်။

"အိုမို! ဂယူဘင်း!!"

ခဏအကြာမှ သူဘေးကနေပါလာမှန်းသတိထားမိတော့ လက်ဖဝါးလေးနဲ့ပါးစပ်လေးကိုကာရင်း ဂယူဘင်းနာမည်ကိုခေါ်သည်။ ဂယူဘင်း မျက်လုံးလေးတွေမှိတ်ကျသည်အထိ ပြုံးလိုက်မိသည်။ ဘေးနားကနေ သူပါလာတာတောင်သတိမထားမိတဲ့အထိ ဘာတွေတွေးနေလို့ပါလိမ့်ဆိုပြီးတောင် တွေးမိသည်။

"ငါဘေးကနေပါလာတာကိုသတိမထားမိဘူးပေါ့"

"အွန်း...မသိလိုက်ဘူး"

ခဏငြိမ်သွားပြီးမှ အသံဆူဆူလေးနှင့် စကားသံလေးထွက်လာသည်။

"ဒါနဲ့ ဘာလို့လဲ? အိမ်ပြန်လမ်းချင်းမတူဘူးလေ။ ဘယ်လိုလုပ် ငါ့ဘေးကနေပါလာတာလဲ?"

"အာ...ဟို....အိမ်ကညီမလေးအတွက် ရေခဲမုန့်ဝယ်ပေးချင်လို့။ မမလေးက မင်းတို့အိမ်နားက 24hrstoreက ရေခဲမုန့်မှတဲ့"

Sweet Christmas Night[GyuRicky]Donde viven las historias. Descúbrelo ahora