( 16 ) U / Z

18.5K 857 244
                                    

U~

‌သုံးလခန့်ကြာပြီးနောက်....

ဒီနေ့က စာမေးပွဲနောက်ဆုံးရက်ဖြစ်တာကြောင့်
စာမေးပွဲဖြေဆိုပြီးသည်နှင့် ကျောင်းသား၊ကျောင်းသူများက အလည်အပက်သွားကြရန်
ခရီးထွက်ကြရန် စသည်ဖြင့်တိုင်ပင်ကာ ကိုယ်စီကိုယ်စီလှုပ်ရှားနေကြသည်။

ထိုကဲ့သို့တိုင်ပင်ရန် 'မြူငယ်' မှာအခွင့်မသာခဲ့၊
'လွမ်း' ကလည်း သူတာဝန်ယူထားသည့် Project ကြောင့် အလုပ်များနေသလို 'ခမ်း' ကလည်း အနုပညာအလုပ်တို့ရပ်နားပြီးကတည်းက
Kain Group မှာဝင်ရောက်လေ့လာကာ ဦးစီးနေတာဖြစ်သည်။

အလုပ်လုပ်ရတာ ပျင်းလိုက်တာလို့ ငြီးငြူတက်သည့်ထဲတွင် 'လွမ်း' နှင့် 'ခမ်း' မပါ၊ သူတို့တာဝန်ယူထားရသည့်အပိုင်းတို့အား စိတ်ဝင်တစားနှင့် လုပ်ကိုင်နေရရင်ကို ပျော်နေကြသူများဖြစ်သည်။

ကျွန်တော်နဲ့တော့ ကွာတာပေါ့၊ ကျွန်တော်က
ငပျင်းလေ၊ ဘဝမှာ သဘောကျတဲ့အလုပ်ဆိုလို့စားတာနဲ့ အိပ်တာပဲရှိတယ်၊

စာမေးပွဲခန်းက ထွက်သည်နှင့် 'ခမ်း' ကအလုပ်ဟုဆိုကာ ထွက်သွားသလို၊ 'လွမ်း' ကလည်းဘာစားချင်လည်းဟုဆိုကာ မုန့်တွေတပွေ့တပိုက်ကြီး လိုက်ဝယ်ပေးပြီးနောက် အိမ်ပြန်ပို့ပေးခဲ့သည်။

မုန့်တွေစားနေတုန်းကတော့ အဆင်ပြေနေ
ပေမယ့် ဗိုက်ပြည့်သွားတော့ လူကဘာလုပ်ရမည်မသိ၊ ညရောက်ရင်တော့ အင်ဂျင်နီယာဌာနနဲ့ ဆေးဌာန နှစ်ခုပေါင်းကာ ကလပ်မှာ သောက်စားကြဖို့ချိန်းထားတာရှိသည်။ အင်ဂျင်နီယာဌာနနှင့်ဆေးဌာနက ဌာနချင်းကပ်ရပ်ဖြစ်သလို ဆက်ဆံရေးကလည်း အလွန်ကောင်းမွန်သည်၊ ကောင်းမှလည်းရမယ်လေ အင်ဂျင်နီယာဌာနက ပါမောက္ခဆရာကြီးနဲ့ ဆေးဌာနက ပါမောက္ခ ဆရာမကြီးက
လင်မယားတွေ မဟုတ်ပါလား၊

'လွမ်း' အခန်းထဲဝင်လိုက်သည်နှင့် သီချင်းသံကဆူညံနေကာ ရေချိုးခန်းတံခါးကလည်း ဖွင့်လျက်သားနှင့်၊ ဖွင့်ထားသည်က Replay Female Version၊
ရေချိုးခန်းအရှေ့ကိုသွားကြည့်လိုက်တော့
‌အပေါက်ကို ကျောပေးကာ အဝတ်စလစ်နှင့်
ရေဗန်းအောက်တွင် ရေချိုးနေသည့် 'မြူငယ်'
လက်ကိုင်ရေဗန်းကို မိုက်ကဲ့သို့ နှုတ်ခမ်းနားတွင်တေ့ထားကာ သီချင်းကိုဆိုလျက် ခန္ဓာကိုယ်လေးကပါ ဟိုဟိုဒီဒီလှုပ်နေတော့ တင်ပါးလေးတွေကလည်း အိတုန်အိတုန်ဖြစ်နေကာ ရေဗန်းဖွင့်ထားသည်မို့ ‌ဖြူဖွေးနေသည့် ခန္ဓာကိုယ်ပေါ်တွင် ရေတွေက စီးကျနေကာ 'လွမ်း' ရေချိုးခန်းတံခါးဘောင်ကို မှီကာ ရပ်ကြည့်နေလိုက်သည်။
'မြူငယ်' ကတော့ဖွင့်ထားသည့်သီချင်းနှင့်
ကိုယ်တိုင်ကိုယ်ကျ လိုက်ဆိုနေသည်မို့ 'လွမ်း' ရောက်နေသည်ကိုလည်း သိဟန်မတူ

You're My Beloved ( COMPLETE )Where stories live. Discover now