Back To December (5)

153 16 0
                                    

(Unicode)

" အကို အကို "

" အွန်းးး "

" အိပ်နေတာလား "

" အင်းဘာပြောမလို့လဲ"

"ကျွန်တော် အိပ်မပျော်လို့ အဲ့တာ ခေါင်မိုးထပ်သွားကြမလား "

" အင်း လာ "

အကိုက သူ့ကိုဆို ဘယ်တော့မှ မတားဆီးပါ။
အမြဲအလိုလိုက်ထားသည်။ ဒါကြောင့်လည်း
အကို့အပေါ်သူအနိုင်ကျင့်ချင်သလိုကျင့်လို့ရနေတာဖြစ်သည်။

" အေးတော့အေးတယ်ရော့အနွေးထည်တော့ဝတ်ခဲ့"

" ဟုတ် "

အနွေးထည်ကိုကျကျနန ဝတ်ပေးပြီး အမိုးထပ်ကိုတူတူတတ်လာခဲ့သည်။

" ဝါးးးး ကြယ်တွေ အများကြီး ဟီးးး "

ထိုင်ခုံတစ်ခုမှာနေရာယူလိုက်ပြီး နှစ်ယောက်တူတူကြယ်တွေကိုကြည့်နေသည်။

" အကိုသိလားး ဟျော့လေ ဒီတစ်ခေါက်ဆေးရုံလာတတ်ရတာပျော်တယ်သိလား "

" ဆေးရုံတတ်တာပျော်စရာမှမဟုတ်တာ"

" ဟုတ်ဘူး! ဟျော့အရင်ကဆိုတစ်ယောက်တည်းခနဆေးရုံမှာဘယ်သူမှလာမကြည့်ပေးကြဘူး ဒေါ်လေးတော့လာပါတယ် ဒါမဲ့ညနေဆိုဒေါ်လေးလည်းပြန်ပြီလေအဲ့တော့ ဟျော့ဘဲကျန်ခဲ့တာ ညတွေဆို ဟျော့တစ်ယောက်တည်းကြယ်တွေကိုလာကြည့်ရတာ"

" ... "

" အကိုသိလား အခုဆို အကိုရှိနေပြီ တစ်ယောက်တည်းကြယ်တွေကိုမကြည့်ရတော့ဘူး
ဟျော့ အဲ့အတွက် အရမ်းပျော်ရတယ် "

" အေးနေပြီလား ဆင်းကြရအောင်"

" ဟိုမှာ~ ကြယ်ကြွေလာတယ် လာ ဆုတောင်းရအောင်"

ဟယ်ချန်းဆုတောင်းနေတာကိုဘေးကနေကြည့်ပြီး
သူလည်း ဆန္ဒတစ်ခုကိုဆုတောင်းလိုက်ပါသည်။

*ဟယ်ချန်း ဘာမှမဖြစ်ဘဲအမြန်ဆုံးနေကောင်းလာပါစေ* တဲ့။

" အကိုဘာဆုတောင်းလဲ"

" ထားပါလာ အောက်ဆင်းရအောင်"

" အင်း "

အောက်ထပ်က ဆေးရုံခန်းကိုပြန်ဆင်းလာခဲ့သည်။

Back To December Where stories live. Discover now