call me master (1)

6.5K 22 0
                                    

(အပိုင်းတိုင်းလိုလို warning ပါမှာမို့အသက်ပြည့်မှဖတ်ပါနော် ဖတ်ချင်ရင်လည်းခိုးဖတ်ပါ)🚨

ညနေတစ်ခုရဲ့ စားသောက်ဝိုင်းတခုဝယ် ကောင်လေးတသိုက် စကားလက်ဆုံကျနေကြသည် မတွေ့တာကြာပြီဖြစ်တဲ့ဘော်ဒါတွေကြီးပဲဆုံကြမည်ဖြစ်၍ သုတမင်းအိမ် လည်းရောက်နေလေသည် 

"ဟရောင် သုတ မင်းအမေရောအဆင်ပြေရဲ့လား ငါကြားတာတော့ မင်းအမေကိုတင်ထားတဲ့ဆေးရုံကသေလောက်အောင်ဈေးကြီးတာတဲ့"

"ဟုတ်လား ငါသိသ‌လိုပဲနော် red garden ဆိုလား ဘယ်ဆေးရုံကသူတို့ဆေးရုံနာမည်ကိုအ့လိုပေးလို့လဲ" ဆိုပြီး လင်းခေတ်ကပါဝင်ပြောနေတော့သည်

သုတမင်းအိမ်က တော့အခုထိဘာသံမှထွက်မလာသေးဘဲသောက်လတ်စ ဘီယာခွက်ကိုပဲတွေတွေကြီးစိုက်ကြည့်နေမိသည် ဟုတ်သည်သူဒီမြို့ကို ပြန်မရောက်တာ ကြာပီ အခုတောင် မာမီ့ကိစ္စနဲ့မို့လာရတာ သူကလုံးဝကိုပြန်လာချင်တာမဟုတ် ။

‌လင်းခေတ်ကပဲထပ်ပြီး 

"အ့ဆေးရုံကနာမည်ကြီးလည်းကြီးချင်စရာပဲ ဆေးရုံအုပ်ကအရမ်းလှတာတဲ့ အရမ်းဝေးတဲ့ မြို့ကြီးကသူတွေတောင် ဒီထိလာပြီးလာပြကြတာ အများစုက RK ကောင်လေးတွေကြီးပဲ မရှိရှိတဲ့‌ေရာဂါကိုတောင်ရှာကြံပြီးလာပြကြသေးတာ " ဆိုပြီး အရွှန်းဖောက်လေသည် 

"ဒါနဲ့မင်းတို့ရဲ့ဖခင်ကြီးက ဘယ်တော့ရောက်မှာလဲ သုတတောင် ပြန်တော့မယ် ဖုန်းလေးဘာလေးဆက်ကြည့်ပါအုံး အ့ကောင်လည်းတချိန်လုံး အလုပ်အလုပ်နဲ့ အလုပ်ပိပြီးမသာပေါ်မှပဲအေးမယ် " 

"လင်းစစ် စစ်‌လင်း မင်းအပေါက်ပိတ်လို့ရပီ ဟိုမှာလာပီ " 

သူတို့ပြောနေတာကတော့ အလုပ်တွေရဲ့ဖခင်ကြီး workaholic သူရိန်စစ် daddy type မို့သူငယ်ချင်းတွေကြားထဲအမြဲထင်းနေတတ်သလို နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ။ 

‌လင်းခေတ်နဲ့လင်းစစ်က အမွှာ၂ကောင် တချို့အမွှာတွေဘယ်လိုလဲမသိပေမယ့် သူတို့ကတော့ အရမ်းတည့်တာ ဝေစားမျှစားတည့်လွန်းလို့ ကောင်မလေးတယောက်တည်းကိုကြိုက်မိတောင် မင်းယူငါလက်လျှော့မယ် လုပ်ကြမယ့်၂ကောင် ။

Call me master!!Where stories live. Discover now