အခန်း(၁)- တစ်ရေးတမောအိပ်စက်မယ်

1.3K 169 2
                                    


'ရှင်း' အတန်းစ‌ေတာ့မှာကို သိပေမဲ့လည်း မတက်ချင်တော့မို့ စာသင်ခန်းတွေရှေ့က လမ်းမကြီးကနေ လမ်းလျှောက်နေမိသည်။ အခန်းကိုလည်း ဇာတ်လိုက်ကောင်နဲ့ အတန်းဖော်တွေကို တွေ့ရမှာပျင်းသည့်အတွက် မသွားချင်သောကြောင့် ကျောင်း ခေါင်မိုးထပ်ကို တက်နိုင်သည့် လှေကားကိုသာ ရှာလိုက်တော့သည်။

'ရှင်း' သမ်းဝေလိုက်ပီး ' ငါ့အတန်းဖော်က ပြောဖူးတယ် တရေးအိပ်ဖို့အကောင်းဆုံးက ခေါင်မိုးထပ်ပဲတဲ့'  လှေကားကို စတက်လိုက်သည်။ တစ်လှမ်း, နှစ်လှမ်း,အသက်ကိုပြင်းပြင်းရှုမယ်,နောက်တစ်လှမ်,‌နောက်တစ်လှမ်း ပီးတော့ အသက်ရှုမယ်.. ဆက်တက်မယ်။ ‌'ဝါးးး'လှေကားတက်ရတာ အရမ်းပင်ပန်းတာပဲ'။သို့ပေသိ 'ထို့မာ' ဟာ လုံးဝအရှုံးမပေးဘဲ သူ့ရဲ့ အိပ်စက်ဖို့နေရာလေး ရှာဖို့သာ စိတ်နှစ်ထားလိုက်‌ေတာ့သည်။
(Lol သူတက်တာ ကိုယ်ပါမော)

'ဟူးးး'

သူ ဘာလို့ ဒီဝတ္ထုကို အဆုံးထိဖတ်ခဲ့မိတာလဲ စဉ်းစားလို့တောင်မရပါ။ညတုန်းက ညဉ့်နက်အထိ ဖတ်‌ခဲ့ပီး 'ယုဂျီ' ရဲ့ရှေ့စကားဝိုင်းမှာ နိုးလာခဲ့တာဖြစ်သည်။ 'ဒါကို 'ဝိဉာဏ်ကူးပြောင်းခြင်း' လို့ခေါ်ကြတာများလား?''ရှင်း' အတွေးတွေများလွန်းတာကြောင့် ခေါင်းကိုက်လာခဲ့သည်။ သူက 'မိဘမဲ့' တစ်ယောက်ဆိုပေမဲ့ သူ့မှာ သူငယ်ချင်းတွေနဲ့ သူ့ကိုဂရုစိုက်တဲ့လူတွေ ရှိသေးသည်လေ။ခုတော့ အကုန်လုံးကို ထားခဲ့ရပီ။

'အဲ့လိုဆိုတော့လည်း သူဘာများတတ်နိုင်မှာလဲ?'

သူ့ရဲ့ကမ္ဘာကို ပြန်နိုင်စွမ်း မရှိသလို သူ တစ်ဘဝလုံး ပြန်နိုင်မယ့် နည်းလမ်းကိုလည်း ရှာမနေချင်ပေ။

အတွေးများနေရင်းပဲ ခေါင်မိုးထပ်ကို ရောက်လာခဲ့သည်။တံခါးကို တွန်းဖွင့်ဝင်လာခဲ့ပီးပြန်ပိတ်ခဲ့လိုက်ကာလေကို တစ်ဝကြီးရှုပစ်လိုက်သည်။ဝင်ပေါက် ညာဘက်နားလေးမှာ ထိုင်ခုံတန်းလေးတစ်ခုတွေ့တော့ ဝင်ထိုင်လိုက်ပီး အိပ်ချင်မူးတူး ပြောလိုက်သည် "အိပ်ချိန်ပဲကွ"

သူက ခေါ်မိုးထပ်မှာ လူရှိလိမ့်မည် မထင်ခဲ့ပေ။

'အိုဟို!အမြဲတမ်းသူများနောက် လိုက်နေလို့မအားတဲ့ကောင်လေးလေးက ဒီနေရာကို အိပ်ဖို့လာတယ်ပေါ့လေ?'

ဗီလိန်ကြောင်ငပျင်းလေး(ဘာသာပြန်) 【Completed】Where stories live. Discover now