Part 25

4.2K 315 18
                                    

Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 25
--------------
အိမ်မူ့ကိစ္စတွေမှာ ကိုယ်ပိုင်စီမံခန့်ခွဲချက်တွေပါတယ် မြို့အုပ်၀မ်ကတော့ အိမ်တော်ရဲ့ငွေတွေကိုသူပဲချုပ်ကိုင်ထားတယ်
သူပဲကြိုက်သလိုစီမံတယ် ဒါတွေကအိမ်ထောင်မကျခင်ကတည်းကို
ကသူတာ၀န်ယူပြီးလုပ်ဆောင်ခဲ့ရတာတွေပါပဲ ရှောင်ကျန့်ကိုပေးဖို့အစီအစဉ်ကိုကတော့ ရှိပါရဲ့...သူမမွှေတော့ရင်
ကောင်းတာပေါ့ ။

"မြို့အုပ်၀မ် မြို့အုပ်၀မ်"

"အင်း...."

"ဒီလအသုံးစရိတ်ကိုပိုတိုးရမယ်ထင်တယ်ဗျ"

ကျင်းရန်ကပါ မပြောစဘူးပြောလာလေတော့ ‌မြို့အုပ်၀မ်မေးငေါ့ပြသည် ဘာကြောင့်လဲဆိုတဲ့သဘောမျိုးနဲ့။

"ဒီလိုဗျ...မနေ့ညက မြို့အုပ်၀မ်ပြန်မလာသေးတော့လေ
မင်းကတော်က ကလေးတွေနဲ့ဘောလုံးကန်တာ ဘိုးဘွားကန်တော့ခန်းက ပြတင်းပေါက်ကွဲသွားပါတယ်"

"ဘာဖြစ်လဲ သူလုပ်ချင်တာပဲကို ပြင်လိုက်..."

"ရှိသေးတယ်ဗျ မြို့အုပ်၀မ်ကလည်း မင်းကတော်မွှေရင်တစ်ခုထဲမွှေတာမှမဟုတ်တာကို"

"...."

"အဲ့မှာထောင်ထားသမျှ အမွှေးတိုင်တွေရော နာမည်ပြားတွေပါ
အကုန်လုံးမြေပေါ်မှာကျပြီး အဲ့ကထွန်းထားတဲ့ဖယောင်းတိုင်
တွေကနေတစ်ဆင့်လိုက်ကာတွေပါမီးလောင်သွားပါတယ်ဗျ
ဒါပေမဲ့လည်း မီးကိုအချိန်မီငြိမ်းသတ်နိုင်ပါတယ်ဗျ"

"...."

"မြို့အုပ်၀မ်ကိုပြောဖို့စဉ်းစားပေမဲ့လည်း မနက်ရောက်မှအိမ်တော်ထိန်းကြီးကကျွန်တော့်ကိုပြောပြတာဆိုတော့"

"ငါ့ယောကျာ်းလုပ်တာပဲကို ဘာဖြစ်လဲ"

"ဟုတ်ကဲ့...အဲ့တာဆိုပြင်ဖို့အတွက်လုပ်ခိုင်းလိုက်တော့မယ်
နော် ခွင့်ပြုပါဦး"

"အင်း"

ကျင်းရန်ထွက်သွားပြီး ၃မိနစ်ပဲကြာပါသေးတယ် ပြန်၀င်လာသည်။

"မြို့အုပ်၀မ်....အခုလောလောဆယ်ဆောက်လက်စဂိုထောင်လေ"

"အင်း"

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now