အပိုင်း(၃) Sandora Forest လူသတ်မှု

0 0 0
                                    

" ကဲ သား မင်း ဒီအခန်းမှာနေကွာ.... ငါက နယ်ပြန်ရဦးမယ် မင်းကို ငါ့အခန်း ခဏပေးခဲ့မယ် ဒီတိုက်ခန်းမှာ တခြားလူတွေလည်းရှိတာဆိုတော့ တစ်ခုခု ဖြစ်ရင် အကူအညီတောင်း သား အကုန်လုံးက ဖော်ရွေကြပါတယ် "

" ဟုတ် ဦးလေး ကျေးဇူးတင်ပါတယ်..."

"အေး အေး ငါ မနက်ဖြန်နယ်သွားမှာမလို့....
တခြားသူတွေတော့ ပိုက်ဆံနဲ့ငှားပေမယ့် မင်းကတော့ ရှိမယ့်ပုံလဲ မပေါ်တော့ အလကားပဲနေလိုက်တော့ ပြီးတော့ မင်းက အဖိုးအခအနေ​နဲ့တော့
ငါ့တိုက်ခန်းကိုသေချာစောင့်ရှောက်ပေးထား... အဲ့ဒါဆို ငါသွားပြီ မနက်အစောကြီးသွားမှာဆိုတော့ သွားပြင်ဆင်လိုက်ဦးမယ် လိုတာရှိရင် ခု ကတည်းကပြောနော်... ကြားလား..... မနက်ဖြန်သွားမယ်ဆိုမှ ပြဿနာတက်နေရင် ငါလည်းမကယ်နိုင်ဘူး...."

" ဟုတ်ဦးလေး "

"ပြီးတော့အခန်းက မင်း နေလို့ရတော့ ရပေမယ့်
နည်းနည်းတော့ ရှင်းရဦးမယ် ထင်တယ်"

Henry X.Berg သူ့အခန်းထဲသို့ သွားနေချိန် တိုက်ခန်းကလူတစ်ယောက်က သူ့ကို စိုက်ကြည့်နေလေသည်

" ဦးလေးကြီး ဘာလို့ ကျွန်တော့်ကို အဲ့လိုကြီးကြည့်နေတာလဲ "

ဘာမှမဖြေပါ သူ့အခန်းထဲ ပြန်ဝင်သွားသည်

Henry ကြောင်သွားသော်လည်း ဘာမှမဖြစ်ပါဘူး ဆိုပြီးသာ စိတ်ထဲ တွေးမိလိုက်သည်

သူ အခန်းထဲသို့ ဝင်ကြည့်လိုက်သည်

အခန်းမှာ သူထင်ထားခဲ့သလိုမဟုတ်ဘဲ စုတ်ပြတ်သတ် နေကာ ဖုန်များတက်နေလေသည်

" နည်းနည်းလေးတဲ့လားကွာ ချီးပဲ အေးပါကွာ...
အလကားနေတာဆိုတော့လည်း နေရတာပဲကျေးဇူးတင်ရမှာပေါ့ "
ငါလည်း ငါ့ကိစ္စရှိတော့ ခဏလေးလောက်ပဲ သည်းခံရင်ရပါတယ်
ကြာရင်တော့ ငါပြောင်းမှာပါ "

သူ့ ပစ္စည်းများကို နေရာချ ၊ အခန်းသန့်ရှင်းရေးလုပ်လိုက်တာ မနက်၁၀နာရီထိုးသွားသည်

သူခဏတာ အိပ်နေလိုက်သည်

တစ်ဖက်တွင် Esther's Ranger တို့သည် စစ်ဆေးရေးများ စလုပ်ကြသည်

You've reached the end of published parts.

⏰ Last updated: Jan 02 ⏰

Add this story to your Library to get notified about new parts!

The End Of The MazeWhere stories live. Discover now