( 19 ) U / Z

16.3K 771 110
                                    

U~

## ပထမဆုံး ရှေ့ပိုင်းကအကြောင်းလေးအရင်ပြောပါမယ်၊ ကိုယ်ရေးတဲ့ Fic တွေအကုန်လုံးက
စိတ်ကူးယဉ်ဇာတ်လမ်းတွေပါ၊ Warningပိုင်းတွေက အစပေါ့၊ ကိုယ့်အရင် Fic တွေမှာ Seme တွေက ဟိုလိုပိုဖြစ်တဲ့ဘက်ကိုသွားကြပြီးတော့
'မြူ' ကျတော့ Ukeဖြစ်နေပြီး ဘာလို့ ဟိုလိုပိုဖြစ်တာလည်းပေါ့.. တစ်ကယ်က 'မြူ' ကဟိုလိုပိုဖြစ်တာ မဟုတ်ပါဘူး.. ဒီရှေ့တစ်ခေါက်မှာက 'လွမ်း' ကအရမ်းပင်ပန်းနေတဲ့ အချိန်နဲ့ 'မြူ' ရဲ့ စိတ်ဆန္ဒဖြစ်နေပေါ်နေတဲ့ အချိန်နဲ့တိုက်သွားတဲ့ သဘောပါ၊ Seme တွေစိတ်ဆန္ဒပြင်းပြရင် ဘယ်နှစ်ခါမှန်းရေတွက်မနိုင်အောင်ကြမ်းတက်သလိုပေါ့၊
Uke ဆိုတာကလည်း ယောက်ျားလေးတစ်ယောက်ဖြစ်တဲ့အတွက် သူ့မှာလည်း Seme တွေလို စိတ်ဆန္ဒအရမ်းပြင်းပြတဲ့အချိန်ဆိုတာ ရှိမှာပဲပေါ့နော်၊ကိုယ်ကအဲ့လိုမျိုးတွေးပြီး 'မြူ' ကို
Uke ပုံစံအသစ်နဲ့ ရေးလိုက်တာပါပေါ့နော်၊

အဓိက ကတော့ 'မြူ' က 'လွမ်း' ထက်ဟိုလိုပိုဖြစ်တာမဟုတ်ဘဲ 'လွမ်း' က 'မြူ' ထက်ဟိုလိုပိုဖြစ်တာပါ၊ ရှေ့ပိုင်းမှာ 'မြူ' က 'လွမ်း' ထက်ဟိုလိုပိုဖြစ်နေရခြင်းက ဟိုစိတ်ပိုဝင်နေလို့ပါပေါ့နော်

ʘ‿ʘ ဟီး... အပေါ်ပိုဒ်က အတည်ပါ
အောက်ပိုဒ်က နည်းနည်းလောက်ဖြစ်ဖြစ် ပြုံးမိသွားမလားဆိုပြီး ရေးလိုက်တာပါ
စာဖတ်သူတွေ ပြုံးမပြုံးမသိပေမယ့်
စာရေးသူကတော့ ကိုယ့်ကိုပြန်ဖတ်ပြီး
ရှယ်တွေပြုံးနေပါပြီ ##

>>>>>>>

" ဒါနောက်စရာ မဟုတ်ဘူးနော် 'ခမ်း' "

" ကျွန်တော်လည်း နောက်နေတာမဟုတ်ဘူး
အစ်ကို "

" ကျစ်! 'ခမ်း' မဆိုးစမ်းနဲ့ကွာ "

ခေါင်းကဆံပင်တို့အား လက်ဖြင့်ထိုးဖွကာ
ကျစ်! တစ်ချက်စုတ်သပ်ရင်း ပြောမိတော့
ရှေ့တွင် ဒူးတစ်ဖက်ထောက်ထိုင်နေသူက
ခေါင်းကိုငုံ့ချသွားသည်။

ဒီနေ့က 'ခမ်း' ၏ ဆယ့်ကိုးနှစ်ပြည့်မွေးနေ့ဖြစ်သည်။ ဘယ်သူကထင်မှာလည်း
အဲ့ဒီ ဆယ့်ကိုးနှစ်သားလေးက ကိုယ့်ကို
လက်ထပ်ခွင့်တောင်းမယ်လို့.....

'ခမ်း' ၏မွေးနေ့ကို Kain Group အပိုင်ဖြစ်သည့်
KS Barမှာကျင်းပခြင်းဖြစ်သည်။ Bar မှာ DJ ဖြင့်ကခုန်နေကြရင်း ရုတ်တရက်ကြီး မီးတို့လင်းထိန်လာကာ DJသံတို့က ရပ်တန့်သွားပြီး Bar အတွင်းတိတ်ဆိတ်သွားကာ 'ခမ်း' က သူကိုယ်တိုင်ဒီဇိုင်းဆွဲထားသည့် လက်စွပ်လေးဖြင့်
လက်ထပ်ခွင့်တောင်းလာခြင်းဖြစ်သည်။
'သုတ' နှင့် 'ခမ်း' ၏အခြေအနေကြောင့် Bar အတွင်းရှိ လူများကလည်း ငြိမ်သက်တိတ်ဆိတ်နေကာ အဖြေကို စောင့်စားနေကြသည့်ဟန်..

You're My Beloved ( COMPLETE )Where stories live. Discover now