10

1.2K 106 60
                                    

ဒီနေ့က Sunday.......

Sunday ဆိုလို့ Gemini Norawit တို့ကောင်းကောင်းအနားယူရမယ်မထင်နဲ့ အိမ်ကချာတူးလန်လေးကိုစာသင်ပေးရတဲ့အပြင် ကျောင်းကပေးထားတဲ့ presentation group project တစ်ခုကိုပါအိမ်မှာ Milk ၊ Love ၊ Perth တို့နဲ့အတူတူစုလုပ်ဖြစ်တာမို့ မျက်စိနှစ်လုံးပွင့်ကထဲက ပါးစပ်ရောလက်ရောတစ်ချက်လေးမှမနားရသေး.......

presentation လုပ်ဖို့အတွက် topic နဲ့ပတ်သတ်တဲ့ info မှန်သမျှ အရင်ရက်တွေထဲက library မှာသွားရှာထားပြီးသားမို့လို့သာတော်တော့သည်.....
‌ဒါတောင် gist ထုတ် ၊ စာပြန်စီ ၊ လိုအပ်တဲ့ ဓာတ်ပုံတွေ ဇယား တွေနေရာချ ၊ slide show ပြင် နဲ့ procedure တစ်ခုလုံးအချောသပ်ဖို့ကို နေ့တစ်ပိုင်းလောက်အထိအချိန်ယူရလေသည်......

လေးယောက်သားတက်ညီလက်ညီလုပ်ရင်း ဘေးနားက ဂျပလွတ်လေးလာမေးသမျှစာကို အားတဲ့လူပြန်ဖြေပေးရင်းနဲ့ပဲ အကုန်လုံးလက်စသပ်တဲ့အချိန်နာရီကိုကြည့်လိုက်တော့ နေ့ခင်းတစ်နာရီပင်ထိုးလုလု......
ငါးယောက်လုံး ဗိုက်လဲဆာအတော်ဆာလှပြီ......

"ဗိုက်ဆာလိုက်တာ တစ်ခုခုစားကြရအောင်"

"ငါ ပီဇာစားချင်တယ်"

"ငါက spaghetti စားချင်တာ"

Perth ကစကားစလိုက်တော့ အစားနဲ့ပတ်သတ်လာရင်ဘယ်တော့မှခေါင်းခါရိုးထုံးစံမရှိတဲ့ Milk နဲ့ Love က သူတို့ရဲ့မိန်းမပီသလှတဲ့မောင်းကွဲသံတွေနဲ့တစ်ယောက်တစ်ခွန်း အပြိုင်လုပြောလာကြသည်.....

"ဖြေးဖြေးပြောကြပါဟာလန့်လိုက်တာ.......ငါလည်း ပီဇာစားချင်တာ မင်းရောဘာစားမလဲ Ai Gem"

"အရမ်းကြီးစားချင်တာမျိုးတော့မရှိဘူး မင်းဘာစားချင်လဲ Fourth"

ဆိုဖာအစွန်းမှငြိမ်ငြိမ်လေးထိုင်နေတဲ့ Fourth ကို မေးငေါ့ပြီးလှမ်းမေးလိုက်တော့ ဒင်းလေးက‌မျက်လုံးထောင့်ကပ်ကာတစ်ချက်စဉ်းစားဟန်ပြုသည်.....
နောက်မှ စဉ်းစားလို့ရသွားသည်ထင် လက်ထဲကိုင်ထားတဲ့ note စာအုပ်လေးဖွင့်ကာ‌ရေးပြလာသည်က

"ပန်(င်)ပန်(င်) က tuna salad......
မင်းတို့စားချင်တာလဲအဲ့မှာရတာပဲ သူပြောတဲ့ဆိုင်ပဲသွားကြတာပေါ့ နီးလည်းနီးတယ်"

ချစ်လို့......Where stories live. Discover now