Unicode Part (28)

1.8K 90 2
                                    


"ဒါဆို မင်းပြောချင်တာကအဲ့ကောင်
သက္ကမာန်က မင်းကိုခြေတစ်လှမ်းထက်ကျောသွားပြန်ပီပေါ့ ဟားဟား"

"ရယ်မနေနဲ့ ကျော်စွာ ငါဒီကောင်ကိုလုံးဝကျေနပ်နေတာမဟုတ်ဘူး"

King Group Hotel ရဲ့ VIP club Roomထဲမှာသူငယ်ချင်းနှစ်ယောက် လောကီစည်းစိမ်ကိုအပြည့်အဝခံယူနေကြရင်း‌ ဘေးနားရှိကောင်မလေး တစ်ယောက်စီကိုဖက်လျက်သား အနေမထားဖြင့်။ထိုလူနှစ်ယောက်မှာ တစ်ခြားသူများမဟုတ်ကြ မှောင်ခိုလုပ်ငန်းဘုရင်လို့အမည်ခေါ်တွင်စေသောဦးလင်းဟန်ရဲ့တစ်ဦးတည်းသောသား တိုးတက်လင်းနှင့်
သူ၏သူငယ်ချင်း ကျော်စွာတို့နှစ်ဦးသည်ငယ်ပေါင်းကြီးဖော်များဖြစ်ကြသလိုအကြံတူပီး တကျိတ်တည်းတဉာဏ်တည်းသမားများဖြစ်ကြသည်။ကျော်စွာသည်မကောင်းသောအရာမှန်သမျှအကုန်လုပ်သည်
မိန်းမဖြစ်သူဘက်ကပိုင်ဆိုင်သောအမွေများစွာကိုလည်း ရအောင်ယူဖို့ကြံထားသည်။
မူးယစ်ဆေးမှောင်ခိုဖြန့်ချိရာမှာလည်း တိုးတက်လင်းနှင့်ပူးပေါင်းကာ နယ်ပေါင်းစုံကိုဖြန့်ချိထားသည်။

"ဒါများဒီကောင်ကိုအပြတ်ရှင်းလိုက်ပေါ့ကွာမင်းလုပ်နေကြအတိုင်း"

"အေ လုပ်နေတာဘယ်နောက်ကွယ်ကနေဒီကောင်ကိုကကံကောင်းလွန်းနေတာဒါမျိုးဆိုမင်းကကျွမ်းပီးသားမှတ်လားယောက်ဖလုပ်စမ်းပါဟ"

"ထွီကိုယောက်ဖ ငါ့ညီမကိုမထိစမ်းနဲ့
ကူညီရမယ်ဆိုရင် ကူညီမယ်ဟေ့ရောင်"

"အေပါအေပါယောက်ဖရာ"

"ဟာဒီကောင်"

ကျော်စွာသည် မိန်းမပွေရှုပ်တတ်ပေ့မယ်
တခါတရံ ကျော်စွာညီမလေးဇာမဏီသည်
ကျော်စွာလို့ယောက်ျားမျိုးကိုရမည်ကိုတွေးပီးစိတ်တော့ပူရသည်။ညီတစ်ယောက်ညီမတစ်ယောက်ရှိကာ ညီမလေးကိုတော့
ကျော်စွာတုန်နေအောင်ချစ်သည်အလိုလိုက်သည်။မိဘများမရှိကြတော့သည့်ကျော်စွာတို့မောင်နှမသုံးယောက်ကို ကျော်စွာတစ်ယောက်ကပဲအဖေလိုတစ်မျိုးအမေလိုတစ်မျိုးပြုစုစောင့်ရှောက်ခဲ့သည်။ကျော်စွာသည်ရည်မှန်းချက်ကြီးပီး ဖြစ်ချင်ရာကိုအမှန်တကယ်ဖြစ်အောင်လုပ်တတ်သည်။ကျော်စွာထပ်ချစ်ရသည့်ကျော်စွာသမီးလေးတစ်ယောက်ရှိပေ့မယ် ရောင်စဉ်ကြောင့်သမီးလေးအနားသိပ်မကပ်နိုင်သည်ကတစ်ကြောင်းအလုပ်များသည်ကတစ်ကြောင်းမို့ကျောင်းပို့ ကျောင်းကြိုချိန်မှလွဲရင် သမီးလေးနှင့်မတွေ့ရပေ။ထို့ကြောင့်သံယောဇဉ်သိပ်မတွယ်မိ။

Hello BossWhere stories live. Discover now