Arc 11 part 10

22 4 0
                                    

        အဆိပ်ကို သုံးကြိမ်တိတိ တောင့်ခံခဲ့တာကြောင့် William ၏ နှင်းသားရဲခန္ဓာကိုယ်သည် လက်ဖဝါးလောက်အရွယ်အစားကနေ ဘောလုံးတစ်လုံးစာအရွယ်အစားအထိ ကြီးထွားလာပြီဖြစ်သည်။ အမွေးပွရှည်ရှည်တွေကြောင့် နတ်မိစ္ဆာနှင်းသားရဲထက် မျိုးတုံးသွားပြီဖြစ်သည့် အမွေးရှည်ဆင်အသေးစားဟု ထင်ချင်စရာရှိသည်။ အမွေးတွေ၏အစွန်အဖျား၌ မီးလောင်ကျွမ်းထား၍ မဲတူးနေသေးသည်။

       နှင်းသားရဲနှင့် misaki သည် အချင်းချင်းထိန်းကျောင်းရမည့် တည်ရှိမှုများဖြစ်ကြလေရာ ဂိုဏ်းချုပ်ရော ကျန်တောင်သခင်တွေကပါ misaki လက်ထဲသို့ နှင်းသားရဲလေးအား ပျိုးထောင်ရန် တာဝန်ကို ထိုးထည့်ပေးလိုက်ကြသည်။ ကျောက်စိမ်းလမင်းဂိုဏ်းသည် ဘေးကပ်ဆိုးနှစ်ပါးကို မွေးဖွားစေခဲ့ပြီဖြစ်သည်။ မီးဒြပ်စင်နှင့် သစ်သားဒြပ်စင် ဒြပ်စင်နှစ်ခုကို တစ်သားတည်းဖြစ်သည်အထိ ပေါင်းစည်းပြီး အသုံးပြုနိုင်သူသည် နှစ်ထောင်သောင်းချီလျှင်တောင် ရှာမတွေ့နိုင်မည့် ပါရမီရှင်ဖြစ်သည်။ ထိုပါရမီရှင်၏မီးတောက်သည် အခြားမီးကျင့်စဉ်ကျင့်ကြံသူတွေနှင့် မတူဘဲ နတ်ရေစင်ကဲ့သို့ ဝိညာဉ်စွမ်းအားများသည့်အရာတွေနှင့်သာ ငြှိမ်းသတ်လို့ရသည်။

    နှင်းသားရဲသည်လည်း ထိုနည်းလည်းကောင်းပင်။ လွန်ခဲ့သည့် နှစ်တွေမှ အကြွင်းအကျန်ဖြစ်သည် ချို၊ အရိုးတို့ပင် ယခုအချိန်တွင် အဖိုးတန်သည့်လက်နက်ရတနာတွေအဖြစ် တန်ဖိုးထားခံနေရလေရာ နှင်းသားရဲအရှင်လတ်လတ်တစ်ကောင်ကို ဂိုဏ်းဘယ်နှခုကများ မျက်စိကျနေလောက်မလဲ တွေးကြည့်ဖို့မခဲယဉ်းပေ။ နှင်းသားရဲကတော့ ကျင့်ကြံရေးလောကကို ဗြောင်းဆန်သွားစေသည်အထိ မွှေနှောက်နိုင်သည့် မျက်စိကျစရာရတနာဖြစ်ပြီး ဒြပ်စင်နှစ်ခုပေါင်းစပ်အသုံးပြုနိုင်သည့် အမတလမ်းစဉ်ကျင့်ကြံသူကတော့ သူမ၏စွမ်းအားတွေကို တလွဲအသုံးပြုကာ နတ်ဆိုးမိစ္ဆာအဖြစ်သို့ ကူးပြောင်းသွားနိုင်သည်။ ထို့ကြောင့် သူတို့နှစ်ဦးကို ကျောက်စိမ်းလမင်းဂိုဏ်း၏အပြစ် ဘေးကပ်ဆိုးနှစ်ခုဟု ပြောရခြင်းဖြစ်သည်။
   
       နှင်းသားရဲ၏ မီးလောင်ကျွမ်းထားသည့် အမွေးလေးတွေကို ညှပ်ပစ်နေရင်း misaki သည် သူမ၏ဆရာတူအစ်ကိုတွေထံမှ ဂုဏ်ပြုလက်ဆောင်မျိုးစုံကို လက်ခံရရှိလို့နေသည်။ နှင်းသားရဲမကလို့ ဘာကြီးပဲဖြစ်နေပါစေ တစ်တောင်လုံးမီးလောင်ပြာကျရုံမကလို့ တစ်ဂိုဏ်းလုံးပဲ မီးလောင်တိုက် အသွင်းခံရပါစေ သူတို့၏မျက်လုံးထဲတွင် ဂိုဏ်းတူညီမလေးက ကျင့်ကြံစဉ်တိုးတက်လာပြီး စာချုပ်သားရဲတစ်ကောင် ရလိုက်သည်ဟုသာ မြင်သည်။

How to flirt with the final boss 2Where stories live. Discover now