( 20 ) U / Z

16.2K 752 47
                                    

U~

Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်......။

Name Changing ☘️

'ရှိုင်းခန့်ထည်ဝါ' အဖြစ်မှ 'ရှိုင်းစက်ထည်ဝါ' အဖြစ်သို့....

နာမည်တူနေတာလေး ရှိနေလို့ပါနော်......

>>>>>>>

" ဟုတ်ပါတယ် တောင်ကြီးကိုသွားနေတာပါ "

" ဒါပေါ့ နှစ်ယောက်ထဲလေ ဟဲဟဲ "

'မြူငယ်' နှင့် 'လွမ်း' မနက်အစောထကာ
တောင်ကြီးဘက်ကိုထွက်လာခဲ့ခြင်းဖြစ်သည်။
တစ်မနက်လုံးအိပ်၍လိုက်လာသူက နေ့လည်ထမင်းစားနားပြီးနောက်မှာတော့ 'လွမ်း' ၏ Acc ဖြင့် Live လွှင့်နေခြင်းဖြစ်သည်။

'လွမ်း'ကတော့ကားကိုသာ အာရုံစိုက်မောင်းနေကာ 'မြူငယ်' ကတော့ 'လွမ်း' ကိုပါ မြင်နိုင်သည့်အနေအထားတွင် ‌ဖုန်းကိုကိုင်လျက်

" ကားမောင်းနေတဲ့ကောင်လေးကို ချစ်လို့ "

'မြူငယ်' Comment ကိုအသံထွက်ဖတ်ပြီးနောက် နှုတ်ခမ်းလေးထော်ကာ

" မရဘူးဗျ ကားမောင်းနေတဲ့ကောင်လေးက
ကျွန်တော့်အပိုင်ဗျ.. Sold out ပြီးသားနော် "

ရွတ်!

ပြောရင်းဖြင့် 'လွမ်း' ၏အနားသို့တိုးကပ်ကာ
ပါးကိုနမ်းလိုက်တော့ 'လွမ်း' ၏နှုတ်ခမ်းထောင့်တို့မှာ ကော့တက်သွားသည်။

ဆယ့်နှစ်လပိုင်းအချိန်အခါဖြစ်ကာ ဆောင်းရာသီဖြစ်သည့်အလျောက် ညနေခြောက်နာရီပင်
မထိုးသေးသော်ငြား ပတ်ဝန်းကျင်ကမှောင်ရိပ်သန်းနေပြီဖြစ်သည်။

တောင်ကြီးမြို့ သစ်တောရပ်ကွက်အတွင်း၌
'ဦးည' ၏အပန်းဖြေအိမ်ရှိသဖြင့် တောင်ကြီး
လာမည့်ရှေ့ရက်ကပင်အိမ်‌စောင့်လင်မယားက ကြို၍ သန့်ရှင်းပေးထားကြသည်။

ခြံထဲဝင်ကာ ကားပေါ်မှဆင်းသည်နှင့်
စိမ့်ခနဲဖြစ်သည့်ခံစားချက်နှင့်အတူ ကြက်သီးဖျင်းဖျင်းထကာ.. လူပင်တုန်တက်သွားရသည်အထိ၊ 'မြူငယ်' ချက်ချင်းပင် ကားကိုတစ်ပတ်ဝိုက်ကာ 'လွမ်း' ရှေ့သို့အပြေးသွား၍ လက်လေးပိုက်ကာ...

You're My Beloved ( COMPLETE )Where stories live. Discover now