0811 Chen Jingshen's Birthday Extra ( Weibo )

3.5K 404 15
                                    

『Unicode 』


ယွိဖန် ဓာတ်ပုံရိုက်ကူးရေးမှ ပြန်လာသောအခါ အတော်လေး နောက်ကျနေပြီဖြစ်သည်။ ယနေ့ ဧည့်သည်က လွန်စွာဇီဇာကြောင်တာကြောင့် ရလဒ်ကတော့ ဓာတ်ပုံတစ်ဆက်သာ ရိုက်လိုက်ရပြီး ပုံမှန်ထက်အချိန်ပေါင်းများစွာ ပိုသုံးလိုက်ရခြင်းပင်။

သူ ထုပ်ပိုးပြီးလျှင်ပြီးချင်း အပြင်ဘက်မှာ မိုးဖွဲဖွဲက စတင်ရွာသွန်းလာ​၏။ဝမ်ယွဲ့က အပေါ်ထပ်ရှိ သူမ​၏ ရုံးခန်းမှ ခေါင်းပြူထွက်လာကာ အားလုံးကို ညစာဝယ်ကျွေးမည်ဖြစ်ကြောင်း ပြောလာသည်။

စတူဒီယိုထဲ၌ အားပေးသံများ ညံသွားလျက်။ ယွိဖန်တစ်ယောက်သာ သူ့ပစ္စည်းသူ ဆက်ထုတ်နေတာဖြစ်သည် : " ကျွန်တော်မသွားဘူး။ မင်းတို့ ပျော်ကြပါ "

ယွိဖန် တစ်နှစ်ပတ်လုံးသွားခဲ့သည့် အသားကင်ဆိုင်နေရာကို ပြန်အမှတ်ဖော်ရင်း ဝမ်ယွဲ့က မျက်ခုံးပင့်သွား​၏ : " အဲ့ဒီတော့ တစ်ယောက်ကို ယွမ်ရှစ်ရာလောက်ပျမ်းမျှကျတဲ့ စားကောင်းသောက်ဖွယ်တွေအစား နင်က အဲ့ဒီဆိုင်ကရတဲ့ ဘဲကင်ကြက်ကင်တွေကို ပိုမက်တယ်ပေါ့ ? "

ယွိဖန် တစ်စုံတစ်ရာ တုံ့ပြန်ဖို့ပြင်ခိုက်မှာပဲ သူ့ဖုန်းက အသံမြည်လာ​၏။ သူ ကောက်ကိုင်လိုက်၍ စက္ကန့်အနည်းငယ်နားထောင်အပြီးမှာ ဆိုသည် : " ဆောရီး ငါနောက်ကျသွားတယ်။ မင်းအလုပ်ဆင်းပြီလား ? ငါ အခုလာနေပြီ။ သုံးမိနစ်ပဲ...မဟုတ်ဘူး တစ်မိနစ်ပဲ။ ငါ မကြာခင်ရောက်မယ် "

သူ ဖုန်းချလိုက်သော် ဝမ်ယွဲ့က ကြည်နူးအံ့ဩခြင်းများဖြင့် အာမေဍိတ်ထွက်သည် : " ဖန်ပေါင်၊ နင့်မှာ ကြိုချိန်းထားတာရှိနေတာလား ? သူငယ်ချင်းအသစ်ရနေတာလား ? "

" ဒါပေမယ့် နင်အခု အရမ်းများသွားပြီနော်။ အဲ့ဒီကို ဘယ်လိုလုပ် ၁မိနစ်နဲ့ရောက်ပါ့မလဲ ? ဘယ်နေရာလဲ ငါနင့်ကို လိုက်ပို့ပေးမယ် "

" မလိုဘူး။ အရမ်းနီးတယ် "

အောက်ထပ်မှပုဂ္ဂိုလ်က စာရေးခုံပေါ်မှ သူ့ပစ္စည်းတွေကို အလျင်အမြန်ထုပ်ပိုးပြိး လောလောနှင့်ဆို​၏ : " ကျွန်တော် သွားပြီ "

You've reached the end of published parts.

⏰ Last updated: Jan 09 ⏰

Add this story to your Library to get notified about new parts!

ကျောင်းဆင်းရင် ငါ့ကိုစောင့်ပါ || ဘာသာပြန် || 『Completed』Where stories live. Discover now