Part 3

75 14 0
                                    

Dream of heaven bakery တွင်.....

ဆိုင်၏‌ထောင့်ကျသည်ဟုဆိုနိုင်သောနေရာမှမုန့်စင်များကိုဖှုန်သုတ်လျက်ပတ်ဂျုံဆောင်းသည်

"ဟေ့ရောင် ပတ်ဆောင်ဟွန်း...."

ကောင်တာအနားတွင်ထိုင်ကာ cakeများကို ပါဆယ်ထုပ်ပေးနေသောဆောင်ဟွန်းက

"ဘာတုန်း.."

"ဂျိတ်လဲမလာဘူးနော်" ဤစကားတွင် ထိုနာမ်စားအားစောင့်မျှော်နေသည့်အရိပ်ယောင်တို့ပါလေသည်

"မင်းကဘာလုပ်မလို့တုန်း"

"ငါအားနာလို့ပါ မနေ့ကကိစ္စကြောင့်"

"ဟာ ဟေ့ရောင် တိုက်မိတာငါပါကွ မင်းကဘာဖြစ်နေတာတုန်း"

"မင်းကလဲ အက်နေ့ကသေချာမတောင်းပန်ဘူး သူ့ကြည့်ရတာ ဒေါသအရမ်းထွက်ပုံမပေါ်ပေမယ့် စိတ်တော့တိုသွားပုံပဲ"

"ငါတောင်းပန်တယ်လေကွာ သူတောင်ရပါတယ်ပြောနေတာကို တော်ရောပေါ့တစ်ခါတောင်းပန်ရင် ဘယ်နှစ်ခါတွေငါကထပ်ပြောနေရမှာလဲအက်စကားကို"

"သူကဆိုင်ပိုင်ရှင်သားနော် Mr sim ကသူ့သားကိုအရမ်းချစ်တာ ငါတို့သူနဲ့အဆင်ပြေအောင်နေသင့်တယ်"

"အခုကတော့ဘာအဆင်မပြေနေလို့တုန်း ငါမတောင်းပန်တာလဲမဟုတ် အခုသူနဲ့ငါ့ကြားမှာဘာအစိုင်အခဲရှိနေလို့လဲ"

"အစိုင်အခဲရှိလို့လဲမဟုတ်ဘူးလေ ဒါမယ့် အားနာရမယ့်အခြေနေဖြစ်နေလို့ ထပ်တွေ့ဖြစ်ရင် သေချာတောင်းပန်စမ်းပါ ပတ်ဆောင်ဟွန်းရာ"

"ဟာ.." ဆို၍ ဆောင်ဟွန်းတစ်ယောက် ဂျုံဆောင်း၏စကားကိုထပ်ချေပကာပြန်ပြောမည့်အလုပ်

ဂျုံဆောင်းသည် မျက်နှာတည်လျက်

"ဆောင်ဟွန်း ငါကအကောင်းနဲ့ပြောပြနေတာငါ့ကိုပြန်ရစ်မနေနဲ့ ငါကမင်းအစ်ကို.."

အသံအနေထားမှာလဲအော်ပြောသည်မဟုတ်သော်လည်း ပုံမှန်ထပ်ပို၍မြှင့်နေသည်ကိုဆောင်ဟွန်းတစ်ယောက်သတိထားမိသည် မည်သို့ပင်ဂျုံဆောင်းအားသူငယ်ချင်းလို ရွယ်တူလိုဆက်ဆံကာလွတ်လွတ်လပ်လပ်ပြောဆိုနေကျဖြစ်သော်ငြားလဲ ထိုအချိန်မျိုးတွင် အစ်ကိုဟူသော ဂုဏ်အားထုတ်သုံးသော ဂျုံဆောင်းအား ကြောက်သည်မဟုတ်သော်လည်း ခွန်းတုန့်မပြန်ရဲသောအခြေနေတွင်ရှိသည်

The 1950 : Till The End Of The World Where stories live. Discover now