၅၄.၅၅.၅၆

1.3K 172 7
                                    


အပိုင်း ၅၄

အရမ်းကောင်းတယ်၊ ဒါက သူ လိုချင်တာပဲ။
တိုက်ရိုက်ထုတ်လွှင့်လိုက်သည့်ရည်ရွယ်ချက်က အားလုံးကို စားချင်စိတ် များလာဖို့ပဲ။
စားချင်စိတ်များတဲ့အတွက်ကတော့ …

ဒါရိုက်တာကောပင်းကလွဲပြီးမည်သူကမှ သူ့ထက်မပိုနိုင်ချေ။

သူက ဖုန်းကို ပိတ်တော့မည့်အချိန်တွင် ရုတ်တရက် ကွန်မန့်နှစ်ခုကို မြင်လိုက်ရသည်။

[အခုလေထုအခြေအနေက ကောင်းနေပြီ၊ လူတိုင်းက ဆက်ဆံရေးကောင်းနေတဲ့ ပုံပဲ]

[ဟုတ်တယ် ဟုတ်တယ် ကြည့်ရတာ ဒီရာသီရဲ့ဧည့်တွေရဲ့လေထုအခြေအနေက ကောင်းတယ်၊ အချင်းချင်းလည်း အဆင်ပြေပြေနဲ့ နွေးနွေးထွေးထွေးရှိနေတာပဲ]

အဆင်ပြေတယ်ဟုတ်လား

ကောပင်းက တွေးသည်။ သူကမူ ထိုအဆင်ပြေမှုကိုမမြင်ရချေ။ နေရာတိုင်းတွင်ရှိနေသည့် မပေါ်လာသေးသောမုန်တိုင်းကိုသာ ခံစားမိနေသည်။

“ငါတို့မောင်းတော့မှာလား”
ဟူရင်းက ရုတ်တရက်မေးသည်။

ကြည့် မုန်တိုင်းက စပြီ

ဟော့ချန်းက ကားထဲဝင်တော့မည့်အချိန်တွင် ထိုစကားကိုကြားသောအခါ ဟူရင်းကိုကြည့်သည်။
ဟူရင်းကပြောသည်။

“ငါက သောက်ပြီးရင် မောင်းနိုင်မှာမဟုတ်ဘူး၊ ဒီတော့ မမောင်းတော့ဘူး”

ထို့နောက် သူက ဟော့ချန်း၏ကားထဲသို့ဝင်သည်။ ဟော့ချန်းက တစ်ခဏခန့်ကြောင်သွားသည်။ ထို့နောက် သူ၏မျက်နှာရှိအပြုံးကလည်း ပျောက်သွားသည်။

ဖာခ့်

သူက အပြုအမူကောင်းများကိုပြလေ့ရှိသည့် လူတစ်ယောက်ဖြစ်ပြီး ဒုက္ခရောက်နေသည့်အချိန်တွင်ပင် ပြုံးနိုင်လေသည်။ သို့သော် ကျိုင်ရှင်းချန်က သူ၏ကားထဲသို့ဝင်သွားကြောင်း မြင်လိုက်ရသည့်အခါ သူတို့နှစ်ယောက်တည်း အတူရှိမည်ဖြစ်ကြောင်း တွေးမိနေပြီး အလွန်အမင်းစိတ်လှုပ်ရှားနေခဲ့သည်။ ပျော်ရွှင်စရာကောင်းသည့် ကိစ္စလေးများကိုလည်း တွေးမိသွားသလို သူ၏နှလုံးသား ကလည်း အလှတရားကြောင့် ပွက်ပွက်ဆူကာ ပူစီဖောင်းများပင်ပေါက်လာချိန်တွင် ဟူရင်းက ရုတ်တရက် ခုန်ဝင်လာမည်ဟု မထင်ထားမိချေ။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now