၅၇..၅၈

784 130 3
                                    


အပိုင်း ၅၇

သူတို့က အသားကင်စားနေကြချိန်တွင် ကျိုင်ရှင်းချန်၏လန်လင်အကက အဓိကဖျော်ဖြေရေးဖိုရမ်များတွင် ပျံ့နှံ့နေပြီဖြစ်သည်။

[မင်းတို့တွေ အပြာအနီသင်္ကေတရဲ့ ဒီညတိုက်ရိုက်ထုတ်လွှင့်သွားတဲ့ အပိုင်းကိုကြည့်လိုက်ကြလား၊ ဖြစ်ချင်တော့ အဲ့ဒီထဲက နာမည်မကြီးလောက်ဘူးလို့ အများဆုံးယူဆထားကြတဲ့ ကျိုင်ရှင်းချန်က ဒီရာသီရဲ့အကြီးဆုံးဖြတ်မျဉ်းဖြစ်နေတာ]

[တကယ်တော့ ငါလည်းသူကတာ တော်တော်လေးကြည့်ကောင်းတယ်လို့ ထင်တယ်၊ မဟုတ်ရင် ပရိုဂရမ်အဖွဲ့က တိုက်ရိုက်ထုတ်လွှင့်မှာမဟုတ်ဘူး၊ ဒါပေမယ့် မမျှော်လင့်ထားဘဲ ဒီလောက်အထိကိုကောင်းနေတာ၊ သူကတာ ကောင်းလွန်းနေတာကြောင့်လား၊ သူက တအားချောလွန်းနေလို့ ငါက သူ့ကိုကြည့်တဲ့အခါ အက်ဖက်ထည့်ထားသလို မြင်နေရတာလားတော့ မသိတော့ပါဘူး]

[ပြောရရင် သူကတဲ့အကက အရမ်းကြီးခက်တာမဟုတ်ဘူး၊ ဒါပေမယ့် သူကကို သတ်သေချင်စိတ်ပေါက်လောက်အောင် ကြည့်ကောင်းလွန်းနေတာ၊ ဒါက နတ်ဘုရားက ချီးမြှင့်ပေးထားတဲ့ဆုလာဘ်ပဲ]

[ငါ တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ဖို့ အချိန်မရှိလိုက်ဘူး၊ ငါ့ကိုကြည့်ဖို့ ပုံပို့ပေးနိုင်မလား]

[ငါ့မှာရှိတယ်]

ထိုသို့ဖြင့် GIF အတိုလေးများစွာထွက်လာသည်။ ပထမဦးဆုံးလှုပ်နေသည့်ပုံက ကျိုင်ရှင်းချန်က တစ်ဖက်လှည့်လိုက်ချိန်တွင် သူဝတ်ထားသည့်ဂါဝန်စကတ်က ပွင့်သွားသောပန်းကဲ့သို့ လွင့်တက်သွားချိန်တွင် သေးသိမ်သည့်ခါး၊ အချိုးအစားညီကာ ရှည်လျားသည့် လက်မောင်းများက ကြော့ရှင်းကြည့်ကောင်းစွာဖြင့် လေထဲတွင် ဝဲပျံသလိုဖြစ်နေခြင်းဖြစ်သည်။

[ကျိုင်ရှင်းချန်က ကြည့်ကောင်းလွန်းလိုက်တာ]

ဒုတိယမြောက် လှုပ်နေသောပုံကမူ သူက ခြေထောက်များကို လက်မောင်းထဲတွင် ပွေ့ဖက်လျက် တစ်ပတ်လည်သလို လွင့်ပျံလိုက်ချိန်တွင်ဖြစ်သည်။ ကင်မရာက သူ၏ပတ်ပတ်လည်တွင်သာ လှည့်ပတ်နေသည်။ သူ၏ခန္ဓာကိုယ်က ကြိုးများချိတ်ဆွဲထားသည့် ရုပ်သေးရုပ်တစ်ခုလိုမျိုး သူ၏ဝတ်စုံများက သူ့အက၏တစ်စိတ်တစ်ပိုင်းကဲ့သို့ ဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်ကို ပြောင်မြောက်သည့် ထိန်းချုပ်နိုင်စွမ်းအားက မင်သက်ဖွယ်ကောင်းလွန်းသည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now