Come across (part 6)

256 10 0
                                    

နောက်တစ်ရက်လဲ ဒီလိုပါပဲကျောင်းတက်ရတာပေါ့။ဆရာတွေကလဲအသင်အပြကောင်းပေမယ့် လိုက်နားမထောင်ရင်တော့ တစ်လုံးမှပင်သိလိုက်မည်မဟုတ်ပေ။
ခြူးနှင့်ဖူးလဲ စိတ်ပါလိုက်၊အိပ်ချင်လိုက်နှင့်ပင် အတန်းချိန်ကုန်ဆုံးစေရန် ဆုတောင်းနေကြသည်။ခြူးနှင့်ဖူးက ကျောင်းတက်တာသာကြာ‌တာ ကန်တင်းဘက်ကိုခြေဦးမလှည့်ရသေးပေ။ စာသင်ရတာပင်ပန်း၍ အတန်းဆင်းတာနှင့် အဆောင်ကို တန်းပြန်ပြီးအိပ်ကျသည်မှာ အကျင့်ပင်ဖြစ်နေသည်။

နေ့လည်ထမင်းစားဆင်းတော့ ရောက်ဖူးသည်ရှိအောင် ကန်တင်းဘက်ထွက်လာကြသည်။ ကန်တင်းက ကျောင်းရဲ့ အရှေ့ဘက်မှာရှိပြီး စားသောက်ဆိုင်ငယ်လေးနှင့်ပင်တူနေသည်။ အ၀င်လမ်းလေးက ပန်းပင်အစီအရီနှင့် လျှောက်လမ်းပုံစံလေးလုပ်ထားသည်။ ကုက္ကိုပင်ကြီးကလဲအရိပ်အာဝါသကောင်းကောင်းနဲ့ အေးမြလှသည်။ ဆိုင်တွေကတော့သုံးလေးဆိုင်ဖွင့်ထားပုံရပြီး သူ့စားပွဲနှင့်သူ လူပြည့်ကျပ်နေသည်။ နေရာလွတ်ရှာပြီးထိုင်ရန် ခြူးတို့လဲ မျက်စိကစားနေတော့

“ ဟိတ်ကလေးမ မတွေ့စဖူး အလာထူးပါလား ကန်တင်းဘက်ကို နေရာလွတ်ရှာနေတာလား လာလာမမဘေးက‌လွတ်တယ် ”

အသံလာရာကိုကြည့်တော့ ရှမ်းခေါက်ဆွဲ‌ေရှ့ချပြီး ထိုင်နေသော မမမြတ်မရာအောင်ရယ်ပါ။မမ က အဝါရောင်၀မ်းဆက်လေး၀တ်ထားပြီး ဆံပင်ကို မြင့်မြင့်လေး မြှောက်စီးထားသည်။ဖြူအု‌ေန‌ေသာအသား‌ရည်နှင့်မမက အဝါရောင်လေးနှင့်ပနံသင့်နေတော့သည်။ မမ အခန်းဖော်အစ်မလဲ ထိုင်နေပြီးနေ့လည်စားစားဟန်တူသည်။ခြူးတို့လဲ တစ်ချက်ခုတ်နှစ်ချက်ပြတ် အနေဖြင့် မမ နဲ့နေ့လည်စားတူတူစားနိုင်ပြီဆိုပြိး မမ ဘေးနား၀င်ထိုင်လိုက်ပြီး ဖူးဖူးကတော့ ခြူးဘေးနာ၀င်ထိုင်လိုက်သည်။ခြူးက လက်ဖက်ရည် နှင့် စမူဆာ မှာလိုက်ပြီး ဖူး ကတော့ အအေးနှင့် ပေါင်မုန့်ကြက်ဥကြော် ကိုမှာလိုက်ပြီး စောင့်နေလေသည်။

“ကဲ ပေါ်တော်မူလေးတွေ ကန်တင်းမှာမမြင်ဖူးအလာထူးတာပြောပါအုံး ငမ်းဖို့လားလာတာလား ကလေးမ” ရယ်ကျဲကျဲနှင့် မမ ကမေးသည်။

Come acrossWhere stories live. Discover now