Part 17

42 4 0
                                    

Unicode

Love is pain ~
အချစ်ဆိုတာ နာကျင်မှု....

__

The Royal Hospital 🏥

"ထယ်ယောင်းရှီး ဂျွန်ဂျောင်ကုကို သတိနဲ့ ဆတ်ဆံဖို့ လိုမယ်။ သူ့ရဲ့ စိတ်အခြေနေက အရမ်းကို သိမ့်မွေ့ နေတယ်။ "

"ဘယ်လို အံ့ဩသင့်စရာမျိုး ၊ သတင်းဆိုးမျိုးကမဆို သူ့ရဲ့ အာရုံကြောစနစ်ကို လုံးဝပျက်စီးသွားစေနိုင်တယ်။ အဲ့ဒီလိုဆို သူ့ကို ပြန်မှတ်မိအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့တာလည်း ဖြစ်သွားနိုင်တယ်။ "

ဘိုဂမ်တစ်ချတ် သက်ပြင်းချလိုက်ပြီး....

".... ပြီးတော့ ထယ်ယောင်းရှီး မှတ်ထားပေးပါ။ ထယ်ယောင်းရှီးက ဂျွန်ဂျောင်ကုကို အပြင်လောကနဲ့ ဆတ်သွယ်ပေးထားတဲ့ တစ်ခုတည်းသော ပေါင်းကူးတံတားပါ "

" ထယ်ယောင်းရှီး အဆင်သင့်ဖြစ်ရင် စကြတော့မလား။ "

"... ...."

"ထယ်ယောင်းရှီး စိတ်လှုပ်ရှားနေမယ် ဆိုတာ သိပါတယ်။ ဒါပေမဲ့ ထယ်ယောင်းရှီးကပဲ ဂျွန်ဂျောင်ကု မှတ်ဉာဏ်တွေ ပြန်ရနိုင်ဖို့အတွက် အဓိက သော့ချတ် ဖြစ်နေလို့ပါ "

" ကျွန်.. ကျွန်တော် ကြိုးစားကြည့်ပါ့မယ် "

" ကျေးဇူးပါ။ ဒါဆို ကျွန်တော် တစ်ချတ်သွားစစ် ဆေးကြည့်ပြီးရင် ထယ်ယောင်းရှီးကို ခေါ်လိုက်ပါမယ်.. "

ထယ်ယောင်း ဒေါက်တာကို ခေါင်းအသာအယာ ငြိမ့်ပြလိုက်ပြီး.. ရှေ့ဆတ်ဘယ်လို ဖြစ်လာမလဲ ဆိုတာကြိုတွေးပြီး ပင့်သက်ရှိုက်မိသည်။

____

တိတ်ဆိတ်နေသော ဆေးရုံးအခန်းအတွင်း ၌ မှန်ပြတင်းမှ အလင်းရောင်က ထင်းလင်းစွာ ဝင်ရောက်လို့နေသည်။ အချိန်အားဖြင့် မနတ် ၉နာရီ ဖြစ်သည်။

"ဂျောက်..!"

တစ်ခုတည်းသော တံခါးပေါက်ကို လှည့်ဖွင့်ရင်း ဝင်လာလိုက်လျှင်....

ကုတင်ပေါ်၌ လှဲနေသော ထိုလူသား ခန္ဓာကိုယ်မှာ ပတ်တီးတွေကလည်း ဟိုတစ်စ ၊ သည်တစ်စ အဖွေးသား။ ဒီလောက် ဒဏ်ရာတွေ အများကြီးနဲ့ ဘယ်လောက်တောင် နာကျင်ခဲ့လိုက်မလဲ။

NO DEAT MANWhere stories live. Discover now