အင်္ကျီစ (9)

21 4 4
                                    


လေးပင့်နေသည့် ဦးခေါင်းကိုအသာကိုင်ကာ မျက်ဝန်းတို့အားဖွင့်လိုက်သည်။ရီဝေဝေဖြစ်နေသည့်အမြင်အာရုံကြောင့်တစ်ခဏမျှနေပြီး အဖြစ်အပျက်ကို ပြန်သုံးသပ်နေမိသည်။
လောကကြီးကို စိတ်ပျက်လက်ပျက်ကြည့်ပြီး သူအရက်တွေတစ်ပုလင်းပြီး တစ်ပုလင်းသောက်နေခဲ့တာဘဲ ။

"ထပ်ပြီး မိုးလင်းလာခဲ့ပြီ ၊ ဘာများပြောင်းလဲတာရှိမှာလဲ အက္ခရာစိမ်း...."

သူ့ကိုယ်သူ ပျင်းရိစွာအသိပေးပြီး ဆိုဖာပေါ် ထပ်လှဲချလိုက်သည်။ သူဆေးရုံမသွားချင်ပေ။ ထလည်းမထချင်သလို အသက်ရှူဖို့တောင် သူ့မှာ ပျင်းရိနေပုံပင်။

"တင့်တင် !.. တင့်တင်!..."

"??...."

ဘဲလ် သံကြောင့် ခပ်နက်နက်မျက်ခုံးကိုအသာတွန့်ချိုလိုက်ပြီး တံခါးကိုစောင်းငဲ့ကြည့်လိုက်သည်။ သူတစ်ယောက်တည်းနေတဲ့အိမ်ကို ဘယ်သူက လာတာလဲ...။

"တင့်တင် တင့်တင်..."

"ကျစ်!....."

သူဆံသားတွေကို ရှုပ်ပွသွားအောင် ထိုးဖွပစ်လိုက်ပြီး တံခါးဆီသို့လျှောက်လှမ်းလိုက်သည်။ မနက်ပိုင်း စောစောစီးစီးကို လူကသိပ်စိတ်ရှည်နေသည်မဟုတ်....။

"ဘယ်ကောင်လဲကွာ!...."

"!!!?....."
သူမတိုးမကျယ်ညည်းညူမိတော့ ရှေ့မှာ deli သမားလေးတုန်ယင်သွားရသည်။

"ကျွန်တော်ပစ္စည်းလာပို့တာပါ...."

"ဘယ်သူ့ပစ္စည်းလဲ..."

"မသိပါဘူး... တစ်ယောက်ယောက်က ဒီလိပ်စာကိုပို့ခိုင်းလိုက်လို့ လာပို့ပေးတာပါ... "

"......"

လေးထောင့်စက္ကူပုံးလေးကို လက်ခံယူလိုက်ကာ အိမ်ထဲပြန်ဝင်လာလိုက်သည်။ ဘယ်သူက သူ့ကိုပစ္စည်းတွေပို့လိုက်တာများလဲ ....။

".!!!..."

စိတ်ရှုပ်ရှုပ်ဖြင့်ပင် ဖာလေးကို ဖွင့်ကြည့်လိုက်သည်။ သူမြင်လိုက်ရသည်က ကလေးဆော့စရာ‌ ဆေးရုံနားကြပ်နှင့် စာကဒ်ကလေးတစ်ခု...။
သူခန့်မှန်းဖို့တောင်မလိုတော့ ...။ ဒါဟာ ထိုကလေးမ ဆီက ဖြစ်မည်မှန်း တန်းသိလိုက်သည်။

အင်္ကျီစWhere stories live. Discover now