part 1

6.9K 87 0
                                    

သူစေညွှန်ရာ ဦးညွတ်စေ (အပိုင်း ၁)

တရွေရွေ့ မောင်းနှင်နေသည့် ကားပေါ် အေးဆေးစွာ လိုက်ပါခဲ့ရသော်လည်း စိတ်တို့က အေးဆးခြင်း အလျင်း ရှိမနပေ။ ပြီးဆုံးခဲ့သည့် အတိတ်တို့ကို ပြန်တွေးမိသည့်အခါ သူ အခုလို သွားနေသည်က အဓိပါယ်ရှိပါသလား။ ဒါမှမဟုတ် အပို အလုပ်တစ်ခုကို လုပ်နေမိသလား သူ မဝေခွဲတတ်ပေ။

ယခု သူဦးတည်နေသည့် နေရာက သူနှင့် မသက်
ဆိုင်တော့သည့် လူတစ်ယောက်ဆီကို ဖြစ်သည်။ မသက်ဆိုင်သည့် လူဆိုသည်မှာ လွန်ခဲ့သည့် တစ်နှစ်ကျော် ကာလက သူနှင့် ကွာရှင်းပြတ်ဆဲထားသည့် ဇနီးဟောင်း ဖြစ်နေခြင်းကို ဆိုလိုခြင်းပင်။ ယခု သူသည် ဇနီးဟောင်းဆီကို သွားနေသည်မှာ ဘာကြောင့်သွားနေမိသည်ကို သူကိုယ်တိုင်ပင် နားမလည်သေးပေ။

သရက်တောမှတ်တိုင်ရောက်သည့်အခါ သူ ကားသမားကို ဘေးချရပ်ပေးဖို့ တောင်းဆိုလိုက်မိသည်။ ကားသမားက ရပ်ပေးသည့်အခါ အရေးပေါ်ဌာနဘရ်ကို လမ်းလျှောက်ခဲ့သည်။ နီးစပ်ရာကို မေးမြန်း၍ ဇနီးဟောင်းရှိနေမည့် နေရာကို ရောက်သွားခဲ့သည်။

"ကိုကို....လာပြီလား။"

သူ့ထက် အရင်ရောက်နေသည့် ညီမဖြစ်သူ စိမ့်က သူ့ကိုမြင်သည်နှင့် လှမ်းမေးသည်။ သူခေါင်းတစ်ချက်ညိတ်ပြပြီး ဘေးက ခုံမှာ ဝင်ထိုင်လိုက်မိသည်။

"ဘယ်လို ဖြစ်တာလဲ။ အခြေအနရော ဘာထူးလဲ"

စိမ့်က ခေါင်းလေးခါပြ၏။

"မသိရသေးဘူး ကိုကို။ မမတင့် အရေးပေါ်ခန်းထဲမှာပဲ ရှိသေးတယ်။ "

"အင်း...ဘယ်ကနေ ဘယ်လိုဖြစ်တာလဲ"

"မြို့ထဲလာရင်း ကားအက်ဆီးဒန့်ဖြစ်တာ ကိုကိုလည်း သိသားပဲ။ မမတင့်ရဲ့ ဖုန်းနံပါတ်တွေထဲက အပေါ်ဆုံးမှာ ရှိနေတဲ့ နံပါတ်တွေကို ဆက်သွယ်ပြီး ခေါ်လိုက်တာတဲ့။ အဲ့ဒါ စိမ့်ဆီရောက်လာတာပဲ။ ရောက်ထဲက သေချာမတွေ့ရသေးဘူးကိုကို"

သူ သက်ပြင်းချပြီး စိမ့်ဘေးမှာ ထိုင်နေမိသည်။ အခြေအနေတွေကို စောင့်ကြည့်ဖို့သာ ရှိ၏။

"ကိုကို အားရော အားရဲ့လားဟင်"

စိမ့်က သူ့ကို တိုးရှိုးသံနှင့်မေး၏။ သူ မချိပြုံးပြုံးလိုက်မိသည်။

သူစေညွှန်ရာ ဦးညွှတ်စေWhere stories live. Discover now