( 23 ) U / Z

14.2K 754 119
                                    

U~

‌'ခမ်း' မွေ့ယာပေါ် ပက်လက်လှန်လှဲချလိုက်တော့ 'သုတ' က 'ခမ်း' ၏ရင်ဘတ်ပေါ်ခေါင်းလေးတင်ကာ လှဲချလာသည်။ နှစ်ယောက်လုံးက အပေါ်ပိုင်းဗလာနှင့် ဖြစ်ကာ အောက်ပိုင်းကိုတော့
စောင်ခြုံထားခြင်းဖြစ်သည်။

'သုတ' က 'ခမ်း' ၏ရင်ဘတ်ပေါ်တွင်နေရာယူထားသော သူ့နာမည်တက်တူးလေးကို ခပ်ဖွဖွထိကိုင်ရင်း..

" 'ခမ်း' "

" ဗျာ.. "

" ကိုယ်ကြားဖူးတာ တစ်ခုရှိတယ် "

" အင်း "

" နာမည်ကို တက်တူးထိုးရင်
ပျက်တက်တယ်တဲ့ "

" ဘယ်သူပြောလည်း "

" ဒီတိုင်းပြောကြတာ ဒါပေမယ့်တစ်ကယ်လက်တွေ့နော် ကိုယ့်အသိတွေထဲမှာတောင်
သုံးလေးယောက်လောက်မြင်ဖူးတယ်
တွဲနေရင် အကောင်း တက်တူးထိုးရင် ပျက်ပြီ "

" မဆိုင်ပါဘူး အစ်ကိုရာ
သူတို့ရဲ့အချစ်တွေက မစစ်မှန်ကြလို့
ပျက်တာ တိုက်ဆိုင်သွားတာနေမှာပေါ့ "

" အင်း.. အဲ့လိုပဲဖြစ်မှာပါ
ဒါနဲ့ 'ခမ်း' "

" ဗျာ.. "

" တစ်ကယ်လို့ မင်းနဲ့ကိုယ်နဲ့သာ
ပျက်သွားရင် အသစ်ထပ်ရှာမှာလား "

'သုတ' ၏စကားဆုံးသည်နှင့် 'ခမ်း' ကချက်ချင်းပင် လှဲနေရာက ထကာ 'သုတ' ၏အပေါ်မှ အုပ်မိုးလိုက်သည်။ မျက်နှာက အတော်လေးကို
တည်နေကာ မျက်ခုံးတို့အား တွန့်ချိုးထားရင်း

" ဘာလည်း အစ်ကိုက ကျွန်တော်နဲ့ပျက်ချင်
နေတာလား "

" မဟုတ်ပါဘူး "

" အစ်ကို အဲ့လိုမေးတယ်ဆိုကတည်းက
ပျက်ဖို့အကြောင်းတွေ အစ်ကို့ခေါင်းထဲရှိ
နေလို့ပေါ့ "

" မရှိပါဘူး ဒီတိုင်းမေးလိုက်တာ "

" မမေးနဲ့ နောက်တစ်ခါ အစ်ကို့ပါးစပ်က
ထွက်မလာစေနဲ့ "

မြင်နေကြပုံစံမဟုတ်ဘဲ ရုတ်ချည်းပြောင်းလဲသွားသူကြောင့် 'သုတ' အနည်းငယ်လန့်နေမိသည်။

" မောင်... စိတ်လျော့ပါကွာ ကိုယ်ကဒီတိုင်းပြောလိုက်တာ နောက်တစ်ခါလုံးဝမပြောမိစေရဘူးနော် "

You're My Beloved ( COMPLETE )Donde viven las historias. Descúbrelo ahora