part-1

79 9 2
                                    

Seoul မြို့ရဲ့လူကုံထံ အထက်တန်းကျောင်း တစ်ခုတွင်

"Jungkook . . . . !  Jungkook . . . . ! "

ကိုယ့်နာမည်ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ J-hope ကျောင်းခန်းထဲကထွက်ပြီး  အော်ကြီးဟစ်ကျယ်နဲ့ Jungkook ..မင်းကလဲ ငါ့တို့ကိုတောင်မစောင့်ဘူး သူ့နောက်ကလိုက်ထွက်လာတဲ့ Yoongi , Nam joon လက်ကိုချိတ်ထားသော Jimin .......ဟုပါတယ်ကျွန်တော်တို့ကအချစ်ဆုံးသူငယ်ချင်းတွေပါ.......

"မင်းတို့ကနှေးနေတာကိုး မြန်မြန်ကိုမလာဘူး ငါကဗိုက်ဆာနေပါပြီဆိုနေမှ......"

"အေးပါကွာ..... လာCanteen သွားကြမယ်......"









ကန်တင်းကို ရောက်တော့ သူတို့စားချင်တာမှာစားကြပြီး အတန်းခေါင်းဆောင် Nam joonက စားနေရင်းကနေ

(Joon) "Aww မနက်ဖြန်ကြရင် ငါ့တို့အခန်းထဲကို ကျောင်းသားသစ် တစ်ယောက် ပြောင်းလာမယ်လို့ ဆရာပြောတာငါကြားလိုက်တယ်"

(J-hope ) "ဟမ် ... ငါတို့ အတန်းကိုလား....."

"ဟုတ်တယ်..... ဆရာပြောတာ ငါကြားလိုက်တာ..."

"အဲ့တာဘာလို့ ငါတို့ကိုလာပြောပြတာလဲ....."

"ဟုတ်ပ့ ... ငါလဲအဲ့တာမေးတော့မလို့......"

"တကယ်တော့ . . . . ငါဆရာတွေပြောတာမတော်တဆကြားလိုက်တာ. . . . .  . .  .  ဒီတစ်ခေါက် ပြောင်းလာမဲ့ ကျောင်းသားက ကင်မ်စံအိမ် ရဲ့အငယ်ဆုံးသား အကိုHyun shik ရဲ့ညီတဲ့......"

"ဘာ . . . . ! တကယ်ကြီးလား"

တချိန်လုံးငြိမ်နေတဲ့ Yoongi ကမေးလိုက်တာကြောင့် တဖွဲ့လုံးရဲ့အာရုံက Yoongi ဆီကိုကြရောက်သွားပြီး....

"ဘာလို့လဲမင်းကသူ့ကိုသိလို့လား....."

"ဒါနဲ့ ငါကအကို Hyun shik ကိုတစ်ဦးတည်းသောသားလို့ထင်ခဲ့တာ..."

"အွန်း ....... သိတာပေါ့ ငါ့ငယ်ငယ်တုန်းက ကင်မ်စံအိမ်ကိုခဏခဏသွားပြီး Taehyung နဲ့အမြဲတမ်းဆော့နေကြ ဒါပင်မဲ့ ငါတို့မိသားစု ခရီးထွက်နေတုန်းမှာပဲ ကင်မ်စံအိမ်ရဲ့ အငယ်ဆုံးသားက နိုင်ငံခြားကို ထွက်သွားတယ်လို့ သတင်းတွေတက်လာတယ် အဲ့အချိန်ကနေစပြီး အဆက်အသွယ်ပြတ်သွားတာ......"

Red Spider lilly Wo Geschichten leben. Entdecke jetzt