ပြန်မလာဖြစ်တဲ့ ခရီး

45 6 0
                                    

ရာထူးအပြောင်းအလဲတွေကြောင့် ဒီရက်ပိုင်း company မှာ ပုံမှန်ထက်ပိုပြီးအလုပ်ရှုပ်နေခဲ့တယ်။ ဒီကြားထဲမှာ သူ့ကိုနေ့လည်စာစားလား မှတ်တိုင်တွေမှန်ရဲ့လား ‌ကော်ဖီသောက်ဖြစ်လား မေးဖို့တော့ မမေ့မလျော့ တစ်နေ့ကိုတစ်ကြိမ်အနည်းဆုံးဖုန်းခေါ်ခဲ့တယ်။ သူ့အသံကိုကြားချင်လို့ပဲဖြစ်ဖြစ် သူ့အကြောင်းကိုနားစွင့်ချင်လို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ငါတို့ဟာတစ်ယောက်နဲ့တစ်ယောက်မလွင့်စင်ထွက်သေးဘူးဆိုတာကို သတိပေးဖို့ပဲဖြစ်ဖြစ် ကျွန်မဟာတစ်နေ့ကိုတစ်ခါ သူ့ဆီလေလှိုင်းနဲ့တော့ရောက်အောင်ခရီးထွက်ခဲ့ပါတယ်။ သူ့ဘက်ကနေ ဘယ်တော့မှဖုန်းစခေါ်လေ့မရှိပေမယ့် ကျွန်မခေါ်တိုင်းတော့ ချက်ချင်း‌ကိုဖုန်းကိုင်တတ်တဲ့လူပဲ။

အဲ့ဒီနေ့ကတော့ ကျွန်မလည်းအားတာရယ်၊ မနက်ဖြန်လည်းနားရက်ဖြစ်တာရယ်နဲ့ သူနေတဲ့ဆူးလေဘက်ကတိုက်ခန်းကို သွားဖြစ်ခဲ့တယ်။ သူနေတာကိုးလွှာမှာ၊ တိုက်အိုတွေမှာ ဓာတ်လှေကားမရှိတော့ တစ်ခါတက်ပြီးရင် ပြန်မဆင်းချင်စရာပဲ။ တိုက်ခန်းတံခါးကိုသော့ခတ်ထားတဲ့အပြင် အထဲကသူ့အသံကိုမကြားရဘူး။ ဒီလိုနဲ့ ကျွန်မမှာရှိတဲ့သော့အပိုနဲ့ဖွင့်ရပြီးဝင်သွားလိုက်တော့ အရာရာမှာနေသားကျနေသလို တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ ဧည့်ခန်းလို့ဆိုရမလား တီဗီရှေ့ကဆိုဖာပေါ် ကျွန်မရဲ့စလင်းဘတ်ကိုတင်ပြီး ထုံးစံအတိုင်းသူ့ကိုစရှာရတယ်။ သူကလည်း ထုံးစံအတိုင်းပါပဲ သူ့အခန်းရဲ့ပြတင်းပေါက်ဘောင်ပေါ်မှာထိုင်ရင်း ဆေးလိပ်ဖွာနေတော့တာ။ တစ်ယောက်တည်းရှိတာကို သီချင်းကိုအပြင်ကဖွင့်လည်းရရက်နဲ့ နားကျပ်နဲ့ပဲတစ်ယောက်တည်းတီးတိုးညည်းရင်း နားထောင်တတ်တဲ့သူ့အကျင့်ဟာ အခုထိကိုမပြောင်းမလဲ။

နားကျပ်ကိုဆွဲဖြုတ်ရင် သူစိတ်ဆိုးဦးမှာ။ အနားက စားပွဲကို နည်းနည်းကျယ်ကျယ်လေးခေါက်မှ လှည့်ကြည့်တော့တယ်။ မတွေ့ရတာ တိတိကျကျဆို ၄၇ ရက်ပေါ့။ ဒီရက်ထဲမှာပိုပိန်သွားတယ်။ ဆံပင်တွေပိုရှည်သွားတယ်။ အပြုံးကတော့အရင်ကအတိုင်း နှစ်လိုဖွယ်အပြုံးလေးတိုင်း ပြုံးတယ်။ အဲ့လိုပြုံးရင် သူ့အနားကိုကပ်သွားရ၊ သူကကျွန်မဗိုက်သား‌လေးဆီခေါင်းတိုးရင်း ချွဲတယ်။ ပြီးရင်တော့ သူ့ထုံးစံအတိုင်း

ESSAYWhere stories live. Discover now