🍓

759 98 26
                                    

ဂယူဗင်းမှာ ထူးဆန်းတဲ့ ​ရောဂါတစ်ခုရှိတယ်။
အဲတာက စ​တော်ဘယ်ရီ​တွေကို မုန်းတာပဲ။

ဂယူဗင်းက ငယ်ငယ်ကအထိ
စ​တော်ဘယ်ရီ​တွေကို မုန်းတယ် မဟုတ်သလို ကြိုက်ပါတယ် လည်းမဟုတ်။

ဒါ​ပေမဲ့ အဲဒီ​ရောဂါက ဂယူဗင်းတို့ ဆိုင်ကို လာတဲ့
ဧည့်သည်​​ကောင်​လေး ​ကြောင့်
စဖြစ်လာတာဖြစ်တယ်။

​ဒီ​​ကောင်​လေး နဲ့ စ​တော်ဘယ်ရီကို မုန်းတာနဲ့က
ဘာဆိုင်လဲ ​မေးရင် အဖြစ်ကဒီလို။

ဂယူဗင်း ဘယ်လိုကြိုးစားကြိုးစား
မဖမ်းယူနိုင်တဲ့ ​​ကောင်လေးရဲ့ အာရုံ​တွေကို
စ​တော်ဘယ်ရီသီး​တွေက အလွယ်တကူ
ဖမ်းယူနိုင်တယ်​လေ။

အဲတာ​ကြောင့် ဂယူဗင်းက
စ​တော်ဘယ်ရီ​တွေကို မုန်းတဲ့
​ရောဂါ စဖြစ်လာတယ်ပဲ ဆိုရမယ်။

1.

"မင်္ဂလာပါ ဘာ သုံး​ဆောင်မလဲ ခင်ဗျာ"

လုပ်ယူစရာမလိုတဲ့ ဂယူဗင်းရဲ့ ​နေ​ရောင်ခြည်လို ​တောက်ပတဲ့ အပြုံးတွေက ဧည့်သည်​တွေကို
​ဖမ်းစားနိုင်ပါတယ်။
​ဆိုင်ရှင်​မေ​မေကိုယ်တိုင်​တောင် ဂယူဗင်းကို
အလုပ်ကူ​ပေးဖို့ မနည်း​ပြောရတဲ့အထိ
ဆိုင်၏၀င်​ငွေကို အကျိုးပြုတယ်။

ဂယူဗင်း အပြုံး​တွေက ​လျော့တိ​လျော့ရဲ
ဖြစ်လာတဲ့အထိ အ​ရှေ့က ​ကောင်​လေးက
မီးနူးကဒ်ကို အပြန်ပြန်အလှန်လှန်ကြည့်​နေတယ်။

"စ​တော်ဘယ်ရီ​တွေမရှိဘူးလား"

"ဗျာ"

ဂယူဗင်းက ထို​ကောင်​လေးအ​မေးကိုလည်း
မထင်မှတ်ထားသလို၊ အ​ကြွေ​စေ့လို
မျက်လုံးဝိုင်း​တွေကိုလည်း မထင်မှတ်ထား​ပေ။

"ဟုတ်ကဲ့ စ​တော်ဘယ်ရီရာသီ မဟုတ်​တော့ "

"ဒါဆို ထားလိုက်​တော့"

ဟင်!! ဂယူဗင်းက လှည့်ထွက်သွားတဲ့
​မျက်လုံးဝိုင်း​​လေး​တွေကို နားမလည်သလိုမျိုး
ကြည့်​နေလို့၊​နောက်ဧည့်သည်ကို​တောင်
သတိမမှုမိတဲ့အထိ။

ဂယူဗင်းက ထို​နေ့ကစပြီး စ​တော်ဘယ်ရီအ​ပေါ် အမြင်မကြည်မှု ဖြစ်လာခဲ့တယ်။ဘာလို့များ
စ​တော်ဘယ်ရီ​တွေက ရာသီတိုင်း မ​ပေါ်ရတာလဲ။

strawberry kissWhere stories live. Discover now