Description

963 118 31
                                    

{Unicode}

Title - I See Roses
Author - 今様
Chapters - 65 chapters + 13 Extra

ဖင်းချန်ရှိ မီဒီယာများတွင် လျန်မိသားစု၏ မထီမဲ့မြင်ပြုတတ်သော သခင်လေးနှင့် မင်မိသားစု၏ ဂုဏ်ဝံ့ကြွား၍ ဇွတ်တရွတ်နိုင်သော သခင်မလေးတို့ စေ့စပ်ပြီးပြီဟူသော သတင်းများဖြင့် ဆူညံပွက်လောရိုက်လျက်ရှိသည်။

ထိုအကြောင်းအရာအား သက်သေပြနိုင်သည့် ဓါတ်ပုံများပင် ရှိသည်။

ဓါတ်ပုံထဲတွင် လျန်မိသားစုမှ သခင်လေးက အနောက်တိုင်းဝတ်စုံအား ခန့်ညားစွာ ဝတ်ဆင်ထားပြီး အလေးအနက်မထားဟန် ပေါ့ပါးသည့် မျက်နှာအမူအရာဖြင့်။ မင်မိသားစု၏ သခင်မလေးက သူ့လက်မောင်းအား တွဲထားကာ ပိတုန်းရောင်ဆံကေသာ၊ နီထွေးတဲ့ နှုတ်ခမ်းတို့ဖြင့် နူးညံ့၍ ဆွဲဆောင်နိုင်ဟန် ပေါ်လွင်သည်။

သူတို့နှစ်ဦးသားမှာ လိုက်ဖက်ညီသောစုံတွဲပမာ။

တုံ့ပြန်မှုအနေဖြင့်မူ၊ သူတို့သူငယ်ချင်းများက ဝါးလုံးကွဲရယ်မောလာသည်။ ကလေးဘဝကတည်းက အငြင်းအခုန်ပြုခဲ့ပြီး နှစ်ဦးကြားရှိ အပြန်အလှန် စိတ်အနှောင့်အယှက်ဖြစ်နေဟန်က ဖုန်းမျက်နှာပြင်ထက်မှပင် လျှံကျလုနီးနီး။ လက်ထပ်လိုက်လျှင်တောင် နှစ်ယောက်စလုံးက ကိုယ့်လမ်းကိုယ်လျှောက်ကြဦးမည်သာ။

ယင်းမှာ သူတို့သူငယ်ချင်းများက လျန်ရှန်၏ တိုက်ခန်းအား ဝင်ရောက် မစီးနင်းခင်အထိ -

လျန်ရှန်မှာ တံခါးဝတွင် ပျင်းရိပျင်းတွဲရပ်နေကာ ညအိပ်ဝတ်စုံကို လျော့တိလျော့ရဲ ဝတ်ဆင်ထားပြီး နှုတ်ခမ်းထက်တွင် စီးကရက်ကိုက်လျက် မျက်နှာအမူအရာမှာ စိတ်မရှည်ဟန်။

သူငယ်ချင်းများမှ စကားတစ်ခွန်းမဆိုနိုင်မှီမှာပင် နူးညံ့ဖြူဖွေးသည့် လက်တစ်ဖက်က အနှီယောကျ်ားနောက်မှ ထိုးထွက်လာကာ ထိုသူ့ခါးအား လှမ်းဖက်သည်။

ဝံ့ကြွားတတ်သည့် သခင်မလေးက မျက်ဝန်းတို့ ပိတ်ထားကာ သူ့လက်မောင်းအား ပွတ်သပ်နေပြီး သူမ၏ ချိုမြိန် နူးညံ့သည့်လေသံက အိပ်ချင်မူးတူး ဖြစ်နေဟန်ပုံပေါ်သည်။

You've reached the end of published parts.

⏰ Last updated: Jan 21 ⏰

Add this story to your Library to get notified about new parts!

ISR (Myanmar Translation)Where stories live. Discover now