( 25 ) U / Z

15.1K 777 97
                                    

U~

" အား.... "

'သုတ' 'ခမ်း' ၏ဆေးရုံခန်းထဲ ဝင်ရန်အလုပ်တွင် ဆေးရုံခန်းထဲမှ ထွက်ပေါ်လာသည့် အသံကြောင့် 'သုတ' သာမက အခန်းပြင်မှ ကိုယ်ရံတော်လေး
ယောက်ပင် ပြေးဝင်ကြသည်အထိ၊

အခန်းထဲရောက်တော့ ကုတင်ပေါ်တွင် ထိုင်ငိုနေသည့် 'ခမ်း' နှင့်အတူ ဘေးတွင် မျက်နှာပျက်နေသည့် ဆရာဝန်တစ်ယောက်၊ 'သုတ' ရှေ့က ပြေးဝင်သွားသည့် ကိုယ်ရံတော်နှစ်ယောက်မှာ ချက်ချင်းပင် ဆရာဝန်အနားရောက်သွားကာ
ဘယ်ကထွက်လာမှန်းမသိသည့် ဓားတို့ဖြင့် လည်ပင်းကိုထောက်ထားကြသဖြင့် ဆရာဝန်မှာလည်း ကတုန်ကယင်ဖြစ်နေရသည်အထိ၊

" မောင်.. "

'သုတ' ၏ခေါ်သံကြားတော့ 'ခမ်း' ကပို၍ပင် တအိအိအော်ငိုလာကာ 'သုတ' အနားရောက်သည်နှင့် 'သုတ' ၏ရင်ခွင်ထဲ မျက်နှာအပ်ကာ ပွေ့ဖက်လာသည်။

" မောင် ဘာဖြစ်တာလည်း ကိုယ့်ကိုပြော "

" မောင်က..အင့်! မောင်က ဆေးမထိုးဘူးလို့
ပြောတာကို မထိုးလို့မရဘူးတဲ့ အီးဟီး...
မထိုးပါဘူးဆို လက်ကိုလာဆွဲတယ် "

'ခမ်း' ၏စကားကြောင့် ဆရာဝန်ဘေးမှ ကိုယ်ရံတော်နှစ်ယောက်က ဓားတို့အား ပြန်သိမ်းလိုက်ကာ အခန်းပြင်ကိုထွက်သွားကြသည်။
ကျန်သည့်နှစ်ယောက်ကတော့ မလှမ်းမကမ်းတွင်သာရပ်နေကြကာ ထွက်သွားခြင်းမရှိ၊

" မောင်.. ဆေးထိုးမှ ပျောက်မှာလေ
မဆိုးရဘူးလေကွာ "

" ဟင့်အင်း... မထိုးဘူး..."

" ခဏလေးပါပဲကွာ ပုရွက်ဆိတ်ကိုက်သလောက်တောင်မနာဘူး "

" ဟင့်အင်း... နာမှာ.. နာမှာလို့! မထိုးပါဘူးဆို! "

ရင်ခွင်ထဲ အတင်းတိုးဝင်ဖက်တွယ်ကာ ရှိုက်ငိုနေသူကြောင့် ဘာလုပ်ရမည်မသိ၊ ဆရာဝန်ကလည်း အတော်လန့်သွားပုံရကာ ဘေးတွင်ရပ်နေသည်မှာ တုတ်တုတ်မှပင်မလှုပ်၊

" မောင်... "

" ဟင့်အင်း... "

" ကိုယ်အနမ်းပေးမယ်ဆိုရင်ရော "

" ဟင်! "

" နာမှာကြောက်ရင် ကိုယ့်ကိုနမ်း "

You're My Beloved ( COMPLETE )Where stories live. Discover now