Part -4(Zawgyi)🌸

513 5 0
                                    


အခန်း(၄)။ ။

နေသူရိန်သည် အကျဉ်းထောင်၏ဂိတ်ဝကနေထွက်လာရင်း ကားရှေ့တွင်ရပ်စောင့်နေသော ဦးကျော်ကိုတွေ့လိုက်ရသည်။

"သား မင်းကိုဒီလိုအပြင်မှာပြန်တွေ့ရတော့ဝမ်းသာတယ်ကွာ"

ဦးကျော်ရိန်ကဝမ်းသာအားရလှမ်းဖက်မည်ကို နေသူရိန်သည်ရှောင်ကာ ကားထဲကိုသာသွားဝင်ထိုင်လိုက်သည်။ ဦးကျော်ရိန်လည်း အာရုံမထားတော့ဘဲ ကားထဲဝင်ထိုင်လိုက်တော့သည်။

"ငါ့သား မင်းဘာမှပူစရာမလိုဘူး၊ မင်းကိုဘယ်ဥပဒေကမှပြန်ဖမ်းလို့မရအောင် ဒီအဖေလုပ်ထားပေးတယ်၊ မင်းကိုဘယ်သူမှလက်ညိုးထိုးလို့လည်းမရဘူး"

နေသူရိန်သည် ဦးကျော်ရိန်၏ဘယ်လိုစကားမျိုးမဆို စိတ်ထဲသက်သာသည်ဟုမခံစားရပေ။ သူ့ကိုအခုလိုဖြစ်အောင်လုပ်ခဲ့သူက ဦးကျော်ရိန် ကိုယ်တိုင်ပင်မို့။

တကယ်တော့ ယမုံကိုပြန်ပေးဆွဲခဲ့သည့်ကိစ္စကို သူတကယ်မလုပ်ခဲ့ပါပေ။ ဇာနည်မောင်ကိုဆေးထိုးသတ်ခဲ့သည့်ကိစ္စလည်းသူမလုပ်ခဲ့ပေ။ မလုပ်ခဲ့ပါရက် ရှိသောအပြစ်သာမက မရှိသောအပြစ်များကိုပါဝန်ခဲ့လိုက်သည်က အဖေဖြစ်သူဦးကျော်ရိန်၏ခြိမ်းခြောက်မှုကြောင့်ပင်။ ခြိမ်းခြောက်မှုက ဝန်ခံမှုကိုမလုပ်လျှင် အမွေပြတ်စွန့်လွတ်ရုံသာမက နဒီဝင့်ကိုပါအန္တရာယ်ပြုနိုင်သောကြောင့်ဖြစ်သည်။
သားဖြစ်သူကိုလမ်းမှန်ရောက်စေလိုခြင်းကြောင့် အပြစ်ဝန်ခံခိုင်းခဲ့သော အဖေကောင်းတစ်ယောက်ဖြစ်လိမ့်မည်ဟုတော့ ထင်နိုင်စရာအကြောင်းမရှိ။

"မင်းဗိုက်ဆာပြီပေါ့ တစ်ခုခုသွားစားကြမလား"

နေသူရိန်သည် ယခုမှဦးကျော်ရိန်မျက်နှာကိုစေ့စေ့ကြည့်ကာ...

"အဓိပ္ပါယ်မရှိတဲ့ကြင်နာမှုတွေမလုပ်စမ်းပါနဲ့ အဖေ"

ခက်ထန်သောအသံဖြင့်ပြောပစ်လိုက်သည်။ ထိုအခါ ဦးကျော်ရိန်က ခံပြင်းသွားသလိုရယ်တော့သည်။

"ငါက မင်းကိုကျေးဇူးတင်တဲ့အနေနဲ့ ဒီလိုလုပ်နေတာ မကြိုက်ဘူးလား၊ မင်းပဲအဖေ့ရဲ့ဂရုစိုက်မှုတွေလိုချင်နေတာမလား"

"အကြင်နာတို့ပေးလှည့်ပါ"(Complete)Where stories live. Discover now