( 26 ) U / Z

13.9K 742 63
                                    

U~

Warning ⚠️

Warning ပိုင်းတွေကို Ss ရိုက်ပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်......။

'ကမ္ဘာ' ရှေ့တွင် လက်ပိုက်ကာ ရပ်နေကြသည့် 'လွမ်း' နှင့် 'မြူငယ်' ကိုကြည့်ကာ သက်ပြင်းချလိုက်မိသည်။ နှစ်ယောက်လုံးက အကျီတွေဖရိုဖရဲဖြစ်နေရုံမက ဆံပင်တို့ကလည်း ထိုးထိုးထောင်ထောင်... မျက်နှာမှာလည်း
အညိုအမဲ အကွဲအပြဲတို့နှင့်...
အတည်ပေါက်ကြီးထိုးကြိတ်ထားကြသည့်ဟန်
တစ်ခါမှရန်မဖြစ်ဖူးသည့် နှစ်ယောက်က
တစ်ကယ့်တစ်ကယ် ထိုးကြိတ်ရန်ဖြစ်ကြတော့လည်း အကြောင်းအရာက
ကြက်ပေါင်လုကြခြင်းဖြစ်နေသည်။

" 'မြူငယ်' "

" ဗျာ "

" 'လွမ်း' ကအရင်တုန်းက သားကို
ဘယ်အရာမဆို ဦးစားပေးခဲ့တာ
သားအသိဆုံးနော် "

" ဟုတ် သိတယ် ပါပါး "

" ဒါပထမဆုံး အကြိမ်မဟုတ်လား
ပြီးတော့ အခုကလည်း 'လွမ်း' ကအတိတ်မေ့
နေလို့ အဲ့တာကို ဒီတစ်ခါလေးကို
သားက ဘာဖြစ်လို့ဦးစားမပေးနိုင်ရတာလည်း "

" ...... "

'မြူငယ်' ကခေါင်းလေးငုံ့ကာ အောက်နှုတ်ခမ်းကို ဖိကိုက်ထား၍ မဖြေမပေးလာ...

" 'လွမ်း' ကဒီနေ့မှ ဆေးရုံဆင်းရတာ
ဒဏ်ရာတွေတောင် ကောင်းကောင်းပျောက်သေးတာမဟုတ်ဘူး ... မတော်လို့ ဒဏ်ရာဟောင်းကို သွားထိမိရင် ဘယ်လိုလုပ်မလည်း
ပါပါး ပြောတဲ့ထဲမှာ ငိုစရာပါလား "

" ဟင့်အင်း.. "

ခေါင်းလေးကို ခါယမ်းကာ ပိုက်ထားသည့် လက်တို့မှ လက်တစ်ဖက်ဖြင့် မျက်ရည်တို့အား သုတ်ကာ ပြောလာတော့ ဘေးမှာရပ်နေသည့် 'လွမ်း' က 'မြူငယ်' ကိုသာ လှည့်ကြည့်နေသည်။

" သားကို 'လွမ်း' ကအရာရာမှာ
ဦးစားပေးခဲ့တာ ဆယ်နှစ်ဆိုတဲ့ အတိုင်းအတာ
တစ်ခုထိ ဒါကို သားက ဒီရက်ပိုင်းလေးကို
ဘာကြောင့် ဦးစားမပေးနိုင်ရတာလည်း..
သားသာ သေချာဂရုတစိုက် နွေးနွေးထွေးထွေးဆက်ဆံပေးရင် 'လွမ်း' ကအချိန်တိုတွင်း
သတိရလာနိုင်လာတယ် 'လွမ်း' ဆိုးတဲ့ဒဏ်ကို
မခံနိုင်တာလား.. ပါပါး စေ့စပ်ထားတာကို
ဖျက်သိမ်းပေးရမလား "

You're My Beloved ( COMPLETE )Where stories live. Discover now